24

7.8K 1K 35
                                    

ချန်းယောလ်တို့ ဌာနက ဒီနေ့တနေကုန်
အလုပ်ရှုပ်လွန်းနေသည်။ မကြာခင်
အသစ်ဖြန့်ချီတော့မယ့် Game တစ်ခုကြောင့်
အဓိကဌာနတွေဖြစ်တဲ့ ချန်းယောလ်တို့ဌာနက
ထိုင်ဖို့အချိန်မရအောင် အလုပ်ရှုပ်နေသည်။

အလုပ်သင်ဖြစ်တဲ့ ချန်းယောလ်တို့လည်းမနားရပေမယ့်
ပညာတွေအများကြီးရတာမို့ ချန်းယောလ်ကော ရီရှင်းကော ကြိုးကြိုးစားစား ပါပဲ။

အလုပ်ဆင်းချိန်က ၅နာရီဆိုပေမယ့် အခု ၅နာရီကျော်အထိဘယ်သူမှ အလုပ်မဆင်းရသေး။ ဘတ်ခ်ဟွန်းနီးကလည်း ဒီနေ့ 6နာရီမှ dutyထွက်မယ်ဆိုတော့ သိပ်တော့ ကိစ္စမရှိ။

၆နာရီထိုးခါနီးမှာတော့ ချန်းယောလ်ဖင်တကြွကြွဖြစ်လာသည်။ အလုပ်တွေလည်း အပြီးသတ်သလောက်ရှိနေပြီမို့
ရီရှင်းကို အကူအညီတောင်းကာ ရုံးဆင်းဖို့ပြင်ရတော့သည်။

ဒီနေ့အတွက် လက်မှတ်ထိုးရမည့် ဖိုင်ကို အဖွဲ့မှုးဆီ အပ်ရင်း ချန်းယောလ် အလုပ်ဆင်းဖို့ တစ်ခါထဲပြောလိုက်သည်။

"သွားပြီ ရီရှင်း "

ရီရှင်းပုခုံးဆီ တစ်ချက် ဖျစ်ညစ်ကာနှုတ်ဆက်လိုက်ပြီဘေးက စီနီယာတွေကိုပါ တစ်ခါတည်းနှုတ်ဆက်လိုက်သည်။

ချန်းယောလ်တို့ ဌာနက လူတွေက စိတ်သဘောထားပြည့်ကျသည်။ ချန်းယောလ်အကြောင်းလည်း သိထားကြတော့ တော်ရုံ ဘာမှမပြောပဲ နားလည်ပေးကြသည်။ တစ်ခုပဲ အဲ့တာကတော့ စိီနီယာအစ်မတွေက
ချန်းယောလ် ဆို့အောက်ပြီးသားဆိုတာ သိတော့
နှမြောတသသဖြစ်နေရာကနေ ရီရှင်းဖက်လှည့်ကုန်ကြသည်။

ဆေးရုံရဲ့ lobby ထဲမှာ ထိုင်စောင့်နေတဲ့ ဘတ်ခ်ဟွန်းနီးက
ကားမြင်တာနဲ့ ဘေးက လူတွေက်ို နှုတ်ဆက်ရင်း
ထလာသည်။ ကားပေါ်ရောက်လာတော့လည်း
အရင်ဆုံး ကိုယ့်ဖက်လှည့်ကာ ပြုံးပြသည်။

ပြောရရင် အဲ့တာ စတွဲ ကတည်းက
ဘတ်ခ်ဟွန်းနီးရဲ့ အကျင့်လေး ။
နောက်ပိုင်းတစ်ခါတလေ အသဲယားလို့
ဆွဲနမ်းမိတာလေးကတော့ ခြွင်းချက်ပေါ့။

" ဆေးနံ့တွေ နံနေလား ချန်းယောလ်"

ခါးပတ်ပတ်ပြီးတာနဲ့ သူကိုယ်သူ ပြန်နမ်းရှုံ့ရင်း
အနံ့ခံနေတဲ့ ဘတ်ခ်ဟွန်းနီးကို ပြုံးပြီးသာ
ကြည့်နေမိသည်။

JOYOUS Where stories live. Discover now