လုံခြုံရေး ထူထပ်စွာချထားတဲ့ အဆောက်အဦးကြီးရှေ့ ဆိုက်ရောက်လာသမျှ ကားတွေပေါ်က ဆင်းသက်လာသူတွေမှာလဲ ရာထူးအမြင့်ပိုင်းက လူတွေနှင့် စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းများသာ ဖြစ်တာကြောင့် အထဲမှာ ကျင်းပနေသည့် ပွဲလေးကတော့ သမ္မတကြီး Torius ရဲ့ မွေးနေ့ကလွဲလို့ အခြားမဖြစ်နိုင်ပေ။ လုံခြုံရေးစက်ဝန်းနဲ့ လွတ်ကင်းရာ ကားအနက်တစ်စီးထဲမှာတော့ ပွဲတက်ဝတ်စုံ ၀တ်စားထားသူ ၃ ဦးနှင့်၊ သာမာန် အရပ်သား ၀တ်စုံဝတ်ထားသူ တဦးက ထိုအဆောက်အဦးရဲ့ ၀င်ပေါက်ဆီသို့ မမှိတ်မသုတ်ကြည့်နေကြသည်။ ထို့နောက် ဖိတ်စာ ကိုင်ဆောင်ထားသူ လူငယ်တစ်ဦးက သူ့ရဲ့တွဲဖက်တွေထံ လှည့်ကြည့်လိုက်ပြီးနောက် ဖိတ်စာတစ်စောင်ကို Mike ထံ ထိုးပေးကာ
"ကဲ ငါတို့ ကြိုတင် စီစဉ်ထားသလိုပဲ။ ငါနဲ့ Mike နဲ့ ဖိတ်စာနဲ့တကွ အထဲဝင်မယ် အတူတူတော့မဟုတ်ဘူး။ ဖိတ်စာပေါ်က နာမည်အရ ငါတို့က အမေရိကန်ရေတပ်ကမှန်း ဘယ်သူမှမသိဘူး။ အဓိကက သမ္မတနဲ့စကားပြောခွင့်ရဖို့ပဲ။ Wayne ? မင်းရဲ့လူ ယူလာတဲ့ ဖိတ်စာပေါ်က နာမည်က သမ္မတနဲ့တွေ့ဖို့ ချိန်းဆိုပြီးသားသူ ဟုတ်လား။"
"သေချာတယ် Miller"
"အင်း ဒါဆိုရင် Ricky က စားဖိုဆောင်ကို ရအောင်ဝင်ပြီး အစားအသောက်လာပို့မယ့်သူ ဖြစ်အောင်လုပ်ရမယ်။ မှတ်ထားနော် ဘယ်သူ့ကိုမှမသတ်ဘူး။ Wayne က မျက်နှာချင်းဆိုင် တိုက်ပေါ်ကနေ သမ္မတနဲ့ငါတို့ ဆွေးနွေးမယ့်အခန်းကို ချိန်ထားနိုင်မယ့် နေရာတခုကိုယူပြီး အသင့်စောင့်နေ။ မရှင်းတာရှိလား။"
"No Sir!"
"ငါ့ကို မနောက်နဲ့၊ စမယ် စမယ် လှုပ်ရှားမယ်။"
Miller စကားဆုံးသည်နှင့် Wayne က စနိုက်ပါ ထည့်ထားသော အိတ်ကိုယူဆောင်ကာ တဖက်ခြမ်းက အဆောက်အဦးရှိရာသို့ ထွက်သွားသလို Ricky သည်လည်း Main Building ကြီးရဲ့ အနောက်ဘက် စားဖိုဆောင်ရဲ့ နောက်ခြမ်းဆီသို့ ထွက်ခွာသွားသည်။ Miller ကတော့ ကျန်နေသေးသည့် Mike ကို ခေါင်းဆတ်ပြပြီးနောက် မွေးနေ့ပွဲကျင်းပရာ အဆောက်အဦးကြီးရဲ့ ၀င်ပေါက်ဆီသို့ လှမ်းခဲ့ကြသည်။
Mike ကို အရင်ဝင်စေကာ ၃ မိနစ်ခန့်ကြာတော့မှ ၀င်ပေါက်ရှိရာသို့ Miller ကပ်လာခဲ့သည်။ သမ္မတနဲ့တွေ့ဆုံဖို့ ချိန်းဆိုထားသူ နာမည်ဖြစ်နေပေမယ့် လူပုံစံကငယ်နေလို့ထင်ပါရဲ့ ၀င်ပေါက်ကအစောင့်က မျက်မှောင်ကုတ်ကာ ခြေဆုံးခေါင်းဆုံးကြည့်လာသည်။ ထို့ကြောင့် Miller မှာ မျက်နှာကို တည်ထားကာ ဟန်မပျက်ပင် ထိုအစောင့်ကိုသာ ကြည့်နေခဲ့သည်။ ဖိတ်စာပေါ်မှာပါနေသည့် Code No ကို censor ဖြင့် တိုက်စစ်ပြီး မှန်ကန်ကြောင်းတွေ့ရတော့မှ ထိုအစောင့်က ပြုံးပြလာပြီးနောက်
YOU ARE READING
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons