သေဘာၤထဲ ကျုးကျော်ကောင်များရှိနေသေးသည် ဆိုသောအချက်က ကျွန်တော်တို့ကိုပင် မဆိုထားဘိ ကျန့်ကောတို့ကိုတောင် တုန်လှုန်စေသည်။ လူအနည်းငယ်သာ ကျန်နေခဲ့သည်မို့ Andy က Paul ကို ဘရစ်ထံပြန်သွားစေပြီး Alex နှင့်အတူ နေစေကာ ကျန်သူများကိုလဲ အထပ်အလိုက် လိုက်ကြည့်ဖို့ ခွဲလိုက်ပြီးနောက် ကျွန်တော်တို့ကို ခေါင်းဆတ်ပြကာ ဦးဆောင်ခေါ်လာသည့် နေရာက လက်နက်တိုက်ကိုပင် ဖြစ်သည်။
အရှေ့ဆုံးမှာ အပြေးတစ်ပိုင်း သွားနေသည့် Andy နောက်မှ ထူးမခြားနားသော ခြေလှမ်းဖြင့် လှမ်းနေသည့် ကော ခြေထောက်ကို မှီအောင် မနည်းလိုက်လျှောက်နေရပြီး လက်နက်တိုက်သို့ ရောက်သည်နှင့် တပြိုင်နက် လက်နက်ရွေးကာ အသံကြားရာ အထပ်လေးဆီသို့ ပြန်ထွက်ခဲ့ကြသည်
အနီးကပ်တိုက်ပွဲဖြစ်သည့်အတွက် စနိုက်ပါက အသုံးမ၀င်တော့။ သင့်တော်ရာ သေနတ်တခုကိုသာ ဆွဲယူ၍ ပစ္စတိုတလက်ကိုပါ ခါးကြားထိုးကာ ပြန်ထွက်လာသည့် လမ်းတစ်လျှောက် ခပ်တိုးတိုး အပြန်အလှန်ပြောနေကြသည့် ကောနှင့်Andy ရဲ့ စကားသံသဲ့သဲ့ကသာ ကြီးစိုးနေသည်။
"ခင်ဗျားလိုက်ရှာပြီး ဘာနဲ့ပစ်မယ် စဉ်းစားထားလဲ Andy"
"ကျွန်တော်မပြောတတ်သေးဘူး...။ တခုကံကောင်းတာက သဘောင်္ပေါ်မှာ ကျွန်တော်တို့တွေပဲ နေခဲ့ပြီး ကျန်သူတွေ ပြန်လွှတ်လိုက်မိတာကိုပဲ မဟုတ်ရင် အခုလောက်ဆို ၀ရုန်းသုန်းကား ဖြစ်နေလောက်ပြီ"
"တခုကံဆိုးတာက Ray ကို ပြန်ထည့်ပေးမိလိုက်တာပဲ"
"အဲ့ဒီလိုတွေးလို့ရပေမယ့် ကျူးကျော်ကောင်တွေက ဆက်သွယ်ရေးစနစ်ကို ကျိန်းသေနှောင့်ယှက်မှာဆိုတော့ အဲ့ဒါကို ပြန်လည်ထိန်းချုပ်ဖို့က ဟာဝိုင်အီဌာနမှာ Ray လို ကျွမ်းကျင်တွေ လိုမှာသေချာတယ်။ အဲ့ဒါကြောင့် သူ့ကို ဂျပန်သဘောင်္နဲ့ ပြန်ထည့်ပေးလိုက်တာ။"
အသံကြားရာ အထပ်ဆီသို့ ရောက်ရှိလာပြီးနောက် ကွေ့ဝင်လိုက်သည်နှင့် ရေတပ်သားနှစ်ယောက်ကို တွေ့လိုက်ရသည်မို့ စုစုပေါင်း ၅ ယောက်ဖြစ်သွားချေပြီ။ တစုံတရာလှုပ်၇ှားမှုတော့ မတွေ့သေး...။ ထိုအချိန်မှာပင် ကောက ပခုံးတချက်ပုတ်လာကာ အပေါ်ထပ်ဆီသို့ တက်သည့် လှေကားကို လက်ညှိုးညွှန်ပြလာသည်။
YOU ARE READING
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons
