FTC - 35 S4

795 164 270
                                        

စကားပြောသံ တိုးသဲ့သဲ့၊ ခြေသံတရှပ်ရှပ်နှင့် အသံတချို့က နားထဲရောက်လာပြီးနောက် အသိစိတ်က ကိုယ်မှာကပ်လာသည်။ ခန္ဓာကိုယ်တခုလုံး ကိုင်ပေါက်ထားသလို ထုံနေပြီး စူးရှအောင်နာနေသည့် ပခုံးဆီက ဒဏ်ရာကြောင့် လှုပ်ရှားဖို့ကို မနည်းအားယူနေရပြီး ထို့ကြောင့် မလှုပ်ရှားသေးပဲ ခေါင်းကိုသာ လှည့်၍ ဟိုဟိုဒီဒီ အကြည့်ရွှေ့လိုက်တော့ အခန်းကျယ်ကြီးထဲ လှဲနေရာကုတင်နှင့် မနီးမဝေးမှာ နောက်ထပ်ကုတင်တစ်လုံးရှိနေပြီး ထိုအပေါ်မှာ Miller က ငြိမ်ငြိမ်လေးလှဲနေသည်။ ဟောက်ရွှမ်းလဲ သူ့အနားမှာ ရှိနေပြီး အာရုံက Miller အပေါ်မှာသာ ရှိနေဟန်ဖြစ်လို့ ရိပေါ်နိုးလာတာကို သတိပြုမိပုံမပေါ်ပေ။

ခပ်တိုးတိုးအသံလာရာ ခြေရင်းဘက်ဆီ ခေါင်းကိုမော့၍ ကြည့်လိုက်တော့ ဧည့်ခန်းပုံစံ ခုံပေါ်မှာ ကျန့်ကော၊ ဟိုက်ခွမ်းကောနှင့် သမ္မတကြီး အပါအဝင် လူနှစ်ဦးခန့်ရှိနေသည်။ ထိုးကြိတ်ခံထားရလို့ အညိုအမဲ စွဲနေပေမယ့် သမ္မတကြီး လွတ်မြောက်ခဲ့သည်ဟူသော အတွေးကတော့ မိမိကို စိတ်သက်သာရရစေခဲ့သည်။

"ကျန့်ကော.."

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

မတိုးမကျယ် အသံတခုက ရိပေါ်ထံက ထွက်လာလေတော့ ပြန်ထူးရမည့်အစား ရှောင်းကျန့်၊ ဟိုက်ခွမ်းနှင့် သမ္မတကြီးမှာ အကြည့်ချင်း အရင်ဆုံလိုက်ရပြီး ရိပေါ်အနားကို သွားဖို့ရာ အတော်ခက်ခဲနေခဲ့သည်။ သို့သော် မသွားလို့က မဖြစ်ချေတော့ လေးလံနေသည့် ခြေလှမ်းတွေကို ဆွဲယူ၍ ကုတင်အနားသို့ ကပ်သွားခဲ့ပြီး ဘာမှမသိရှာသေးသည့် ရိပေါ်ကတော့ ပြုံးပြလာသည်။

"ကော.."

"အင်း ရိပေါ် နိုးပြီလား..။ သက်သာလား ပခုံးကတော့ ချုပ်ထားရတော့ လှဲနေရတာ နည်းနည်း အဆင်မပြေဖြစ်နေလိမ့်မယ်"

"သမ္မတကြီး လွတ်သွားပြီပဲ။ ဌာနချုပ်ရော ကျန့်ကော..။ ပြန်ရပြီလား"

"အင်း.."

"ကောရော ထိမိသေးလား..."

"ဟင့်အင်း.."

"တော်သေးတာပေါ့။ ပေါက်ကွဲတော့မယ့် အသံကြားလို့ ပြေးလာပေမယ့် မှီမှမှီပါ့မလား တွေးနေခဲ့တာ။ ဒီပွဲက ကျွန်တော်ဘာမှတောင် မပါလိုက်ရသလိုပဲ"

Follow The Command - S4Donde viven las historias. Descúbrelo ahora