FTC - 33 S4

703 138 62
                                        

ဆရာရှောင်း ပြောပြသမျှ ခေါင်းထဲအလျင်အမြန်လိုက်မှတ်ခဲ့ပြီး တဖက်မှ ဆက်သွယ်ရေး ဖြတ်တောက်သွားသည့် တိုင်အောင် ဟောက်ရွှမ်းမှာ ငူငူကြီးရပ်ကာ ကျန်နေခဲ့သည်။

"ဘာပြောလဲ ဟောက်ရွှမ်း ဆရာရှောင်းက..."

"ရန်သူ့ခြေလှမ်းတွေကို ပြောပြသွားတယ်။ "

"ခြေလှမ်း.."?

"ရန်သူလှုပ်ရှားမယ့် အကွက်တွေကို ခန့်မှန်းပြီး ပြောပြသွားတယ်။ အဲ့ဒီအတိုင်း လိုက်လုပ်ရမှာ..။ ဒီအခန်းထဲ အဆောက်အဦး မြေပုံမရှိဘူး မဟုတ်လား။ မရှိရင် အကြမ်းဆွဲပြီး လှုပ်ရှားရအောင်..။"

ပြောပြောဆိုဆို တဖက်ထောင့်လေးမှာ ရှိနေသည့် စင်လေးထံသွားမည့် မိမိကို ထိုအရာရှိက လှမ်းဆွဲထားသည်။

"ခဏလေး ဟောက်ရွှမ်း..။ ငါတို့ အပြင်ကို ဆက်သွယ်လို့ရနေတာ ဒီကွန်ပြူတာကနေ တဆင့်နော်။ ကွန်ပြူတာကို သယ်သွားလို့ မရတဲ့အတွက် အခန်းအပြင်ကို ထွက်လိုက်တာနဲ့ ငါတို့က တကယ့်ကို မျက်စိကန်း နားကန်းဖြစ်ပြီ။"

"ဟုတ်တာပေါ့ ဒီအခန်းကထွက်လိုက်တာနဲ့ ကျွန်တော်တို့ကို ကူညီပြောပြပေးမယ့်သူ မရှိတော့ဘူး၊ အဲ့ဒီလိုပဲ ကံမကောင်းရင် နှစ်ယောက်လုံး သွားအသေခံသလို ဖြစ်မယ်ဆိုတာလဲ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တု့ိဘက်က ဘယ်လိုလှုပ်ရှားရင် ရန်သူက ဘယ်လို တုံ့ပြန်လိမ့်မယ်ဆိုတာကို ဆရာရှောင်း ပြောပြသွားပြီလေ။ အဲ့ဒီအတိုင်း လုပ်မယ်။"

"ငါက ဆရာရှောင်း အရည်အချင်းကို သံသယဝင်တာ မဟုတ်ဘူးနော်။ တရားသေဂိမ်း ကစားသလိုမျိုး မဟုတ်ဘူး ဟောက်ရွှမ်း။ ဒီအခန်းပြီးရင် ဒီအခန်းလာမယ်၊ ဟိုအခန်းရောက်ရင် လူဘယ်နှစ်ယောက်စောင့်နေမယ်ဆိုတဲ့ တရားသေဂိမ်းမျိုး မဟုတ်ဘူး။ အခြေအနေပေါ် မူတည်ပြီး အလိုက်သင့်လှုပ်ရှားရမှာ ငါတို့ ဒီအထဲမှာ ဖြစ်ပျက်နေမှာတွေကို ဆရာရှောင်းက ဘယ်လိုလုပ် ကြိုမြင်မှာလဲ။"

"အဲ့ဒါကိုလဲ ကျွန်တော် သိပါတယ်။ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ ဟောက်ရွှမ်း...။"

"ကျွန်တော် ဆရာရှောင်းကို ယုံတယ်.."

"ငါလဲ ယုံပါတယ်။"

Follow The Command - S4Nơi câu chuyện tồn tại. Hãy khám phá bây giờ