တောအုပ်လေးထဲက အခြေစိုက်စခန်းတခုနှင့် အနည်းငယ်ဝေးကွာသောနေရာတွင် လူဆယ်ဦးထက်မနည်းသော သက်ကြီးရွယ်အိုအပါအဝင် ရွာသားတစုက စီတန်းရပ်နေကာ ထို သူတို့ရဲ့အနောက်တွင် အတော်ကျယ်ဝန်းကာနက်သည့် တွင်းတခုရှိနေသည်။ ကြောက်ရွံမှုအ ထင်းသားဖြင့် မရရှိနိုင်သည့် သနားညှာတာမှုကိုများ ရနိုင်လေမလား မျှော်လင့်နေကြပေမယ့် တကယ်တမ်းတော့ ရှေ့တည့်တည့်မှာရပ်ကာ လက်နက်ကိုင်တစ်ယောက်က အချက်ပေးတိုင်း နောက်တစ်ယောက်က အစဉ်လိုက် နဖူးကိုသေနတ်ဖြင့်တေ့ပစ်လာခြင်းကို နေရာမရွှေ့ရဲ၊ မိမိ အရှေ့ဘယ်တော့ရောက်လာမှာလဲ လက်ချိုးရေတွက်နေကြရရှာသည်။
သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီးတိုင်း လူတစ်ယောက်စီက နဖူးမှာကျည်ပေါက် ရာဖြင့် အနောက်ကတွင်းကြီးထဲလန်ကျသွားကာ စိတ်မချမ်းမြေ့ဖွယ်ရာ အသက်ဝိညာဉ်ချုပ်ငြိမ်း သွားသည်ကို ခပ်လှမ်းလှမ်းမှာ ရပ်ကြည့်နေသည့် Tarvo နှင့် သူဧ။်သားလေး Simon ရှိနေပြီး သူတို့နှင့် မလှမ်းမကမ်းမှာ လူတစ်ချို့တင်ဆောင်၍ ထပ်မံရောက်ရှိလာသော ကားတစ်စီးကို ဦး ဆောင်လာသည့် Martinez က တွင်းကြီးထဲသေဆုံးနေပြီဖြစ်သည့် ရွာသားတွေကို တချက်မျှ လှမ်းကြည့်ကာ သက်ပြင်းတချက်ကြိတ်၍ချလိုက်သည်။ Martinez ခေါ်ဆောင်လာသည့် ကား ပေါ်မှ ဆင်းသက်လာသူတွေထဲ အမျိုးသမီးတွေတင်မက ကလေးငယ်အချို့ပါ ပါဝင်နေပြီး ထိုသူ တွေဟာလဲ ပထမလူတွေနည်းတူ ကွပ်မျက်ခံရမှာအသေအချာပင်။ မိမိနှင့် သက်တူရွယ်တူခန့်ရှိ သည့် ကောင်လေးတစ်ယောက်ကပါ ကားပေါ်ကဆင်းလာချိန်မှာတော့ Simon က သူ့ဖခင်ဖြစ်သူ Tarvo ထံသို့ လှည့်ကြည့်လိုက်ပြီးနောက်
"အဖေ သူတို့အားလုံးသေရမှာလား။"
"ဟုတ်တယ် သား။ သူတို့အားလုံးသေရမယ်။"
"ဟိုကောင်လေးရောပဲလား သူက သားနဲ့ရွယ်တူလောက်ပဲရှိသေးတယ်။ သူ့ကိုရော သတ်မှာလားဟင် မသတ်ပါနဲ့လား"
မိမိနှင့်အကြည့်ခြင်းဆုံလိုက်သည့် ကွပ်မျက်ခံရမည့် ကောင်လေးရဲ့ မျက်လုံးတွေထဲက ကြောက်ရွံခြင်းဆိုတာကို ခံစားလိုက်ရသည့် Simon က သူ့ဖခင်ထံ ရလိုရငြား တောင်းပန်စကား ဆိုသော်လည်း Tarvo ကတော့ Simon ပခုံးနှစ်ဖက်ကို အသာအယာဆုပ်ကိုင်ကာ။
YOU ARE READING
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons