FTC - 39 S4

1K 147 91
                                        

စကားလုံးတိုင်းက ရှင်းလင်းပြီး ကျယ်လဲမကျယ်၊ တိုးလဲမတိုးတဲ့ အသံပါဝါ တခုဖြင့် သဘောၤခန်းမ တခုလုံးကို လွှမ်းခြုံထားပြီး မိန့်ခွန်းပြီးသွားပြီးနောက် Andy က မိမိတို့ထံ အကြည့်ရွှေ့လာသည်။

"ဆရာရှောင်း 15 မိနစ်ကြာရင် Meeting ခန်းမှာ တွေ့ပါမယ်။ အကုန်လာပေးကြပါ။"

"ကောင်းပါပြီ။"

15 မိနစ်ခန့် အချိန်ရသေးတော့ ရိပေါ်ရော မိမိတို့တွေပါ ရေမြန်မြန်ပြေးချိုးကာ အချိန်မစေ့မီ မီတင်ခန်းရှိရာသို့ ထွက်လာခဲ့ကြသည်။ အခန်းထဲ လူစုံတက်စုံ ရှိနေပြီး Andy ကတော့ မတ်တပ်ရပ်ကာ စားပွဲပေါ်က မြေပုံပေါ် တခုခု ရေးမှတ်နေပုံပင်။ နီးစပ်ရာ ထိုင်ခုံမှာ နေရာယူပြီးသည်နှင့် တပြိုင်နက် Andy နေရာနှစ်ခုကို ဝိုင်းပြလာခဲ့သည်။

"ကျွန်တော်တို့လူတွေဆီက သတင်းရထားတာတွေ ရှိပါတယ်။ ပနားမားက ဂေတန်မှာ စစ်တပ် ၂ ခုရှိတယ်။ နေရာချထားတယ်ပေါ့။"

"စစ်အင်အား ဘယ်လောက်ရှိမယ် ခန့်မှန်းထားလဲ.."

"၇၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ် ဆရာရှောင်း"

၇၀၀၀ ဆိုသော စကားလုံးကြောင့် အာမေဋိတ်သံတချို့ထွက်လာပြီး ရှောင်းကျန့်သည်ပင် မျက်ခုံးတွေ မြင့်တတ်သွားရသည်။ ရန်သူ အင်အားက နည်းနည်းနောနောမဟုတ်ပေ။

"လူအင်အား ဒီလောက်များများ ဘယ်လို စုလိုက်တာများလဲ။ တံတားကို ကျွန်တော်တို့ ဖျက်ဆီးခဲ့တယ်လေ။ ဒီလောက် အချိန်ကာလနဲ့ တံတား ပြန်ဆောက်ဖို့ မလွယ်ကူတာကို။"

"ကျွန်တော် ယူဆတာတော့ နီကာရာဂွာနဲ့ စစ်ရှုံးတဲ့ မက်ဆီကိုကနေ စစ်သားအချို့ကို ခေါ်သုံးလိုက်ပုံပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီတံတားက Tarvo ရဲ့ အသက်တမျှ အရေးကြီးတဲ့နေရာဆိုတော့ မရရတဲ့ နည်းနဲ့ သူ ပြန်လုပ်ထားမှာကို တွက်ဆ ထားပြီးသားပါ။ အခု သူငြိမ်နေတာက နောက်ဆုံးဝှက်ဖဲမှာ အထိနာလို့ သူ ငြိမ်နေတာ ၊ ပြောရမယ်ဆိုရင် ကျွန်တော်တို့ လှုပ်ရှားမှုကိုလဲ စောင့်ကြည့်နေတာ ပါမှာပေါ့။"

ရန်သူ အင်အား ၇၀၀၀ ခန့်ရှိနေသည်ဟူသော မြေပုံပေါ်မှာ အဝိုင်းတခုအား အခန်းထဲရှိ လူအကုန် စူးစိုက်ကြည့်ကာ အဖြေတခုခုရလေမလား ရည်ရွယ်ချက်ဖြင့် စဉ်းစားခန်း ဖွင့်နေခဲ့ကြသည်မှာ မီလန်ထံမှ အသံထွက်မလာခင် အထိပင်ဖြစ်သည်။

Follow The Command - S4Donde viven las historias. Descúbrelo ahora