FTC - 32 S4

722 146 98
                                        

Somewhere in Columbia

Martinez မောင်းနှင်လာသည့် ကားလေးက Tarvo ဧ။် အခြေစိုက်စခန်းအနီးသို့ ရောက်လာချိန် စခန်းရဲ့ုပင်ပတွင် ကားတစ်ချို့နှင့် ဝင်ထွက်သွားလာနေသူ တစ်ချို့ကို အရင်ဆုံး မြင်တွေ့ရသည်။ အထက်ပိုင်းအရာရှိများသာ ဖြစ်သည်မို့ ဘာကြောင့် ရောက်နေကြသလဲဟူသော အတွေးမေးခွန်းရဲ့အဖြေကို ရှာရင်းဖြင့် အိမ်မကြီးထဲသို့ ဝင်ရောက်ခဲ့သည်။ အထဲသို့ရောက်သည့်အခါ ရှိရင်းစွဲ အံ့သြမှုထက် ပိုသွားရသည့် အကြောင်းမှာ အိမ်မကြီးအပြည့် Tarvo သစ္စာခံနိုင်ငံတွေရဲ့ အထက်ပိုင်းအရာရှိတွေ ပြည့်နှက်နေလို့ပင်

အရက်ခွက် ကိုယ်စီကိုင်ကာ သုံးလေးယောက်တစ်စု စကားပြောနေကြသူတွေရှိသလို Tarvo အမျိုးသမီးမှာလည်း ပြုံးရွှင်နေသည့် မျက်နှာဖြင့် ဧည့်သည်တွေကို ဧည့်ခံနေပြီး Tarvo က ထောင့်တစ်နေရာမှာ ဆက်သွယ်ရေးအရာရှိ တစ်ယောက်နှင့် တစုံတခုဆွေးနွေးနေပုံပင်။ ဘာတွေဖြစ်နေကြတာလဲ၊ ဘာပွဲရှိနေတာလဲ ဆိုတာကို အဖြေရှာရန် လူအုပ်ကြီးထဲမှ မိမိအား လှမ်းခေါ်လာတဲ့ ရင်းနှီးသည့် လူစုထံသို့ လှမ်းခဲ့လိုက်ပြီး အရင်ဆုံး လှည့်ကြည့်လာသူ အရာရှိအား မေးဆတ်ပြလိုက်သည်။

"ဘာပွဲရှိနေတာလဲ..."

"မင်းများ ပြောပြနိုင်မလားလို့ လှမ်းခေါ်လိုက်တာ Martinez ငါတို့လဲ မသိဘူး။ ဘာကြောင့် ခေါ်မှန်း..။"

ထိုသူ့စကားအတိုင်းဆို ဘာပွဲဆိုတာ Tarvo နှင့် သူ့ဇနီးမှလွဲပြီး သိထားသူ ရှိဟန်မတူပေ။ ထိုအချိန်မှာပင် အနားရောက်လာသည့် Tarvo က Martinez ပခုံးကို ခပ်ဖွဖွ ဆုုပ်ကိုင်ကာ ပြုံးပြလာသည်။

"ဘာတွေ ပျော်စရာရှိနေတာလဲ Tarvo။ ဘာပွဲကျင်းပနေတာလဲ..။"

"Havana မှာ ငါတို့ တော်တော်ပင်ပန်းခဲ့ပြီး Cuba က အယ်ဂါယိုလက်အောက် ပြန်ရောက်သွားပြီဆိုတော့ ပင်ပန်းခဲ့တာတွေကို ခေတ္တအနားယူတဲ့ သဘောပါ။ "

"အဲ့ဒါက အကြောင်းရင်း အမှန် မဟုတ်ဘူးထင်တယ်။ Havana ကအခြေစိုက်စခန်း X တိုက်ပွဲပြီးတာ နာရီပိုင်းလောက်ပဲ ရှိသေးတာ"

Martinez အပြောကို Tarvo က သဘောကျဟန်ဖြင့် အသံကျယ်ကျယ်ရယ်မောလိုက်သည်။ ထို့နောက်..

Follow The Command - S4Wo Geschichten leben. Entdecke jetzt