FTC - 17 S4

887 150 155
                                    

စစ်သဘောင်္ကြီးပေါ်မှာ အချိန်ပြည့်အဆိုင်းခွဲကာ လှုပ်ရှားအသက်ဝင်နေကြတတ်ပေ မယ့် ယနေ့ပို၍ အသက်ဝင်လှုပ်ရှားနေကြသည်။ မကြာခင်စတော့မည့် စစ်ဆင်ရေး၊ အတိအကျ ဆိုရသော် လွန်ခဲ့သည့် ၄ ရက်ခန့်က Pablo ထံ ဆက်သွယ်ကာ သွားရောက်ခေါ်ဆောင်ရမည့် ​နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ညနေစာအချိန်ပြီးကတည်းက မီတင်ခန်းထဲ လူစုံတက်စုံရောက်ရှိ နေကြပြီ ဖြစ်သည်။

"ဆရာရှောင်းတို့က စစ်ဆင်ရေးသွားနေကျဖြစ်လို့ ကျွန်တော် အထူးတလည် မပြော တော့ပါဘူး။ ဒါပေမဲ့ Pablo တို့နဲ့ သွားတွေ့ရမယ့်နေရာကတော့ တော်တော်လေး စိတ်ပူစရာ ကောင်းနေတယ်။ တောအုပ်ကို ပြန်ဖြတ်တဲ့နေရာမှာ ဆက်သွယ်ရေးကအစ ပြတ်တောက်မှာ ဆိုတော့။"

Andy စိတ်ပူသည်မှာလဲ မမှားရသည့်အကြောင်းမှာ Pablo တို့နဲ့ ပြန်တွေ့ဖို့နေရာက သိပ်တော့ အဆင်ပြေလှသည်မဟုတ်လို့ပေ။ Miller တို့ကို သွားရောက်ကယ်ထုတ်လာရာ တော အုပ်ထဲမှာ တွေ့ဆုံရမှာဖြစ်ပြီး ထိုနေရာက Tarvo အပိုင်စားရာ နယ်မြေဖြစ်သည့်အလျောက် ကျားခံတွင်းထဲ ၀င်ရောက်ရတာနှင့် အတူတူပင်။ မိမိထံမှ မည်သို့သော စကားပြန်မရလေတော့ Andy ကပင် ဆက်ပြောလာခဲ့သည်။

"အဲ့ဒီနေရာကလွဲပြီး အခြားနေရာမရှိဘူးလား ဆရာရှောင်း။"

"ကျွန်တော်သူနဲ့ ဆွေးနွေးခဲ့ပြီးပြီ Andy။ သူတို့လက်ရှိနေထိုင်နေရာ ဒေသအသီးသီး ကနေ အကုန်လုံး လူစုနိုင်မည့်နေရာက အဲ့ဒီ တောအုပ်တခုပဲရှိတယ်။ တောအုပ်က Tarvo အပိုင် ဖြစ်တယ်ဆိုပေမယ့် ဆက်သွယ်ရေးမရတဲ့ တခုတည်းသောနေရာဆိုတော့ ကျွန်တော်တို့ အတွက်လဲ အန္တာရယ်များသလို Tarvo တို့လဲ ထင်သလောက် မလှုပ်ရှားနိုင်ဘူးလို့ ယူဆရပါ တယ်။"

"လက်ရှိချိန်းဆိုထားတဲ့ နေရာကို ဆရာရှောင်းတို့ တော်တော်လေး ၀င်ရမယ်နော်။"

"နားလည်ထားပါတယ် Andy။"

"စစ်ဆင်ရေးမှာ ဆရာရှောင်းတို့တွေနဲ့ Miller , Wayne ပါမယ်။ ပြီးတော့ မီလန်လဲပါမယ်။ ဆက်သွယ်ရေး ပြတ်မယ့်နေရာ ဆိုတော့ ရဟတ်ယာဉ်နဲ့လွဲခဲ့ရင် သဘောင်္ရှိရာ ပြန်လာနိုင်ဖို့ ကျွမ်းကျင်တစ်ယောက် ထည့်ပေးလိုက်တဲ့ သဘောပါ။ လက်ရှိလူဦးရေအရ Miller တစ်ယောက်ပဲ ရေတပ်သားဖြစ်နေတော့လေ။ နောက်ထပ်ခေါ်ချင်သေးလား ဆရာရှောင်း။"

Follow The Command - S4Donde viven las historias. Descúbrelo ahora