အချိန်ကာလ ၂လကျော်ခန့်မှာ Ray တည်ငြိမ်စပြုခဲ့ပြီသလို Andy သည်လည်း စစ်ပွဲ အတွက် ပြင်ဆင်ခြင်းများ အတော်အတန်ပြီးမြောက်ခဲ့သည်။ ဒီ ၂လကျော်အတွင်း နေထိုင်ရာ နိုင်ငံဆီသို့ မပြန်ဖြစ်ခဲ့ပေ။ ရံဖန်ရံခါ Andy သွားရာနောက်လိုက်သွားလိုက်၊ ရန်သူဗိုလ်ထံက ရရှိခဲ့သည့် လျို့ဝှက်ကုတ်ဖြည်နေသည့် ဌာနချုပ်မှာကူညီလိုက်၊ တခါတရံတော့ Andy အပါ အဝင် အငယ်တွေပါခေါ်ကာ ညနေခင်း ဆိုင်ထိုင်လိုက်နှင့် ဖြတ်သန်းခဲ့ကြသည်။
ယနေ့ကတော့ တဖက်က တစတစအင်အားကြီးလာသည့် Tarvo အကြောင်းနှင့် အမေ ရိကန်အကြား သတင်းစာရှင်းလင်းပွဲပြုလုပ်မည်နေ့၊ ရေတပ်ဦးစီးချုပ်ဝတ်စုံအပြည့် ဝတ်ဆင်ထား သည့် Andy က စင်ပေါ်မတက်မှီ စစ်ဦးစီးချုပ်၊ မီလန်နှင့် အခြားအကြီးပိုင်းအရာရှိများနှင့် စကား ပြောနေသည်။ ခပ်လှမ်းလှမ်းတနေရာမှာတော့ ဖိုင်တဖိုင်ကိုင်ထားကာ ခေါင်းချင်းဆိုင်၍ တစုံ တရာပြောနေပုံရသည့် Miller, Wayne နှင့် Ray။ ရယ်မောပြောဆိုနေသည့် Ray ရဲ့ ပုံရိပ်ကို ကြည့်ပြီး သဘောတကျပြုံးနေခိုက် အနားမှာရပ်လာသည့် အရိပ်ကလေးတရိပ်က ကပ်လို့လာ ခဲ့သည်။ အနောက်တိုင်းဝတ်စုံဖြင့် လင်းထင်းသပ်ရပ်နေသည့်ရိပေါ်က အနားလာရပ်နေကာ ရှောင်းကျန့်နည်းတူ Ray ထံသို့ ကြည့်နေခဲ့သည်။ ထို့နောက်
"Ray အဆင်ပြေလာလို့ တော်သေးတယ်နော် ကျန့်ကော၊"
"အင်း..သူ ဒီလိုတောင် ပြုံးပြုံးရယ်ရယ် ရှိပါတော့မလား စိတ်ပူနေတာ။ ယွီပင်နဲ့ ကျန်း ချန်တို့ရော။"
"အပြင်ဘက်မှာ လပ်ကီးထိန်းရင်း ရပ်နေတယ်ထင်တယ်။ ဟောက်ရွှမ်းရောပဲ။ ဒါနဲ့ ကျန့်ကော Andy ရော ဘယ်လိုအနေအထားရှိလဲ။"
"Stress အများကြီးလျော့သွားပါပြီ သူလဲ။ ဒီတလောတော့ အားမာန်အပြည့်နဲ့ တွေ့နေ ရတာပဲ။ လာ သွားမယ် ဟိုဘက်အခန်းမှာ ကော်ဖီသွားသောက်ရအောင်။"
ထို့နောက် ပွဲမစမှီ တဖက်အခန်းသို့သွားကာထိုင်နေခိုက် ရောက်လာသည့် ကျန်းချန်တို့ နှင့်အတူ ကော်ဖီသောက်ကာ ရောက်တတ်ရာရာပြောနေခဲ့ကြသည်။ ခဏကြာတော့ ခန်းမရှိရာ သို့ ပြန်ရောက်လာကာ နေရာယူထိုင်လိုက်ပြီးတဲ့နောက် စင်ဘေးမှ Ray က Andy ထံသို့ လက်မ တချက်ထောင်ပြလိုက်သည်။ အချက်ပြမှုကိုရလိုက်သည်နှင့် တပြိုင်နက် ဝတ်ဆင်ထားသည့် ယူနီဖောင်းကို ပို၍သေသပ်အောင်ပြင်ဆင်ကာ စင်ပေါ်သို့တလှမ်းခြင်းလှမ်းတက်ရင်း စင်အောက် ကလူတွေထံ တချက်ဝေ့ကြည့်ကာ နေရာယူလိုက်သည့် Andy ဟန်ပန်က အားအင်အပြည့်နဲ့ပင်။
ВЫ ЧИТАЕТЕ
Follow The Command - S4
ФанфикшнFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons
