FTC - 18 S4

939 164 323
                                        

ဆရာရှောင်းတို့ကို ပြန်ခေါ်ရန် ရဟတ်ယာဉ် ထွက်ခွာသွားသည်မှာ နာရီတော်တော် ကြာနေခဲ့သည့် တိုင်အောင် Bridge က ထိုင်ခုံလေးမှာ ကျောက်ချထားသလို Andy ထိုင်နေဆဲ။ တောအုပ်လေးဆီ မရောက်ခင် နောက်ဆုံးဆက်သွယ်မှုပြီးကတည်းက တစုံတရာထပ်မံမသိ ရခြင်းအတွက် စိတ်ပူနေတာလဲ ပါဝင်နေသည်မို့ အတွေးများနေမိသည်။

"ကပ္ပတိန်"

"ပြော Ray "

"ရန်သူ့သဘောင်္တွေက ကျွန်တော်တို့မှန်းထားတဲ့အတိုင်း လာနေပါပြီ။"

"အင်း သူတို့ရေဒါပေါ်မှာ ငါတို့ရှိနေနိုင်လို့ သတိထားပါ။ ငါတို့ရှိနေရာ နေရာလိုက်လာ ရင် ရေလက်ကြားက မိုင်းကွင်းနဲ့သူတို့ထိပ်တိုက်တွေ့လိမ့်မယ်။ ရဟတ်ယာဉ်ဘက်က အဆက် အသွယ်ရပြီလား။"

"မဆက်သွယ်လာသေးဘူးဆိုတော့ တောအုပ်လေးဆီ မရောက်သေးဘူးလို့ ယူဆရပါ တယ် ကပ္ပတိန်။ ဒါနဲ့လေ ဆရာရှောင်းတို့ အဆင်ပြေပါ့မလား။"

"ပြေမှာပါ။ သူတို့က အတွေ့အကြုံရှိတဲ့သူတွေပဲ။ သဘောင်္ကို ရပ်ညွှန်း ၂.၅.၆ ကို အရှိန်ကုန်မောင်းမယ်။"

"Yes Sir!"

ထိုသို့ ပြောလိုက်ရသော်လည်း စိတ်ထဲတော့အတိုင်းအဆမရှိ ပူပန်နေမိသည်။ လူအင် အားလိုအပ်နေမှုကြောင့် Pablo တို့လို Tarvo ကို စစ်မှန်စွာဆန့်ကျင်သူ၊ တိုက်ရည်ခိုက်ရည်ရှိ သူကိုလိုလားလို့ သွားရောက်ခေါ်ဆောင်ခိုင်းသော်လည်း လွှတ်လိုက်မိတာ မှားပြီလားဟူသော အတွေးကလဲ ဝင်နေပြန်သည်။

"ကပ္ပတိန်! သူတို့ နေရာပြောင်းသွားတယ်။ အခု မြောက်-အနောက်မြောက်ဘက်ကို သွားနေပါတယ်။"

ရွှင်ပြနေသည့် Ray ရဲ့ အကြောင်းကြားသံနောက် အကြည့်တွေက screen လေးပေါ် သို့ ရောက်ရှိသွားရသည်။ မက်ဆီကိုနဲ့ကျူးဘားဘက်ကမှ ရေလက်ကြားကို ကန့်လန့်ဖြတ်၍ ချ ထားသည့် မိုင်းကွင်းဆီသို့ ရန်သူ့သဘောင်္ သုံးစင်းကိုယ်စားပြု အစက်သုံးစက်က ရှေ့ဆင့်နောက် ဆင့် ကပ်လာနေသည်။ မိုင်းကွင်းအလယ်မှာ ဟ ထားပြီး တဖက်ခြမ်း ​ရေပြင်ကျယ်မှာ မိမိတို့ဧ။် သ​ဘောင်္ရှိနေပြီး မက်ဆီကိုနှင့်ကျူးဘားမှ ကမ်းကပ်ကာ ​စောင့်ဆိုင်းနေသည့် စစ်ကူသဘောင်္ တစ်စင်းစီကလဲ ဟိုဘက်ဒီဘက်မှာ ရှိ​နေသည်။

Follow The Command - S4حيث تعيش القصص. اكتشف الآن