မျက်စိရှေ့screen ကြီးပေါ်က Connect Loss ဟူသော စာတန်းကြီးကိုသာ ကြည့်ပြီး အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည့် အခန်းထဲက လူတစ်စုကို အကဲခတ်နေမိသည်။ အမှန်တော့ သူတို့တင်မဟုတ် ကျန်းချန်တို့ နှစ်ယောက်နှင့် ရိပေါ်ကပါ ထိုလူတွေနဲ့အပြိုင် တခုခုကို အကြိတ်အနယ်တွေးတောနေပုံရပြီး ဒါဟာ တတိယအကြိမ်မြောက် Cyber ကျူးကျော်ခံရခြင်းပင်။
တကြိမ်ကျူးကျော်ခံတိုင်း ဂြိုလ်တုတွေရပ်တန့်ကုန်ကာ ရှိသမျှ ကွန်ရက်တွေ၊ အင်တာနက်ဖြင့် လုပ်ဆောင်ရသည့် လက်နက် system ပိတ်ကျသွားတာကြောင့် အစကနေ ပြန်ပြန်ပျိုးရခြင်းက တကယ့်ကို ကြီးမားစွာ အနှောင့်အယှက်ပေးနေသည်။ ထို့အတူ မကြာခဏ ကျူးကျော်နေခြင်းက တဖက်ကကြည့်လျှင် စိတ်ကိုဆွပေးသည်ဟုလည်း သတ်မှတ်နိုင်ပေသည်။ မင်းတို့ကို အချိန်မရွေး ကြိုက်တာလုပ်လို့ရသည်ဟု ဆိုလိုသည့် သဘောမျိုး။
"ရပါပြီ.."
ထိုအသံက နာရီဝက်ခန့်တိတ်ဆိတ်သွားတဲ့ အခန်းထဲ ပထမဆုံးအကြိမ် ဟောက်ရွှမ်းထံမှ ပြန်ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုအသံနောက်မှာ Screen ပေါ်မှတဆင့် ကွန်ရက်ပြန်လည်ပတ်လာပုံကို မြင်နေရသည်။ မီလန်နှင့် စစ်ဦးစီးချုပ်တို့နှစ်ယောက် အခြေအနေမှာလဲ အနည်းငယ် တင်းမာနေတော့ ဧည့်သည်ပီသစွာ ၀င်ရောက်ပြောဆိုခြင်းကိုတော့ ရှောင်းကျန့်မလုပ်ပဲ နှုတ်ဆိတ်ရွေ့သာ နေနေမြဲ။
"မီလန် မင်း ခုနပြောတာ အလယ်ပိုင်းနဲ့တောင်အမေရိကမှာရှိတဲ့ အင်အားစု အကုန်လုံးကို စုဆည်းမယ်ပေါ့။ ကြည်း၊ရေ၊လေ သုံးခုလုံး "
"ဟုတ်ပါတယ် စစ်ဦးစီးချုပ်။"
"ပြီးရင် သူတို့တွေကို တစုတစည်းထဲ တောင်ဘက်ကိုပို့ထားမယ်ပေါ့။"
"ဟုတ်ကဲ့.."
"ငါတို့မှာ ထိန်းချုပ်မှုမဲ့နေတယ်ဆိုတာ မင်းလဲသိပါတယ်။ ရန်သူက ငါတို့နိုင်ငံတခုလုံးရဲ့ ကွန်ရက်ကနေ ကိုင်လှုပ်နေတာ။ ထိန်းချုပ်ထားတဲ့ System မှန်သမျှက အချိန်မရွေး သူတို့လက်ထဲ ရောက်သွားနိုင်တယ်။ Cyber officer က ပြန်ယူပေးနိုင်သည့်တိုင်အောင် ကြိုတင်ကာကွယ်မှုကတော့ အလှမ်းဝေးနေပါသေးတယ်လို့ ပြောထားဖူးတယ်လေ။"
![](https://img.wattpad.com/cover/252737085-288-k420969.jpg)
YOU ARE READING
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons