FTC - 38 S4

906 149 202
                                        

အခန်းတခုလုံးက နာရီသံတချက်ချက်ကိုပင် ကျယ်လောင်စွာ ကြားရအောင်ကို တိတ်ဆိတ်လွန်းနေသည်။ ကုတင်ပေါ် လှဲနေသည့် ကျန်းချန်ကောက သူ့အရှေ့ကခုံတွေပေါ် ထိုင်နေသည့် ကျန့်ကော၊ဟိုက်ခွမ်းကောနှင့် ခြေရင်းနား မတ်တပ်ရပ်နေသည့် မိမိကိုပါ တလှည့်စီ ကြည့်နေခဲ့ပြီး ခဏအကြာမှာတော့ သူကပင်စ၍ ပြောလာခဲ့သည်။

"မင်းတို့ ဒီနေ့လည် သွားရတော့မှာမဟုတ်လား။"

"............."

"ပစ္စည်းပစ္စယတွေ စုံပြီလား။"

"............."

ကျန်းချန်းကောက နှစ်ခွန်းသုံးခွန်းထက် မနည်းမေးခွန်းထုတ်နေပေမယ့် ရိပေါ်တို့ထံကတော့ ပြန်ဖြေသံထွက်မလာခဲ့။ ဖြစ်ကာစအခြေအနေထက် အများကြီးတိုးတက်လာပြီး နောက်တပတ်ထဲ ဒုတိယအကြိမ် ခွဲစိတ်ရမည့်အချိန် အနားမှာရှိမနေပေးနိုင်သည့် အပေါ် အားနာမျက်နှာပူစွာ အဖြေတို့ကား မဲ့နေသည်။ ၅ မိနစ်ခန့် ငြိမ်သက်နေခဲ့ကြပြီးနောက် ကျန်းချန်ကောထံမှ သက်ပြင်းချသံတချက်နဲ့အတူ

"ငါ မလိုက်နိုင်တော့တဲ့အတွက် စိတ်မကောင်းဖြစ်နေတာလား မင်းတို့..."

"မင်း မလိုက်နိုင်တာထက် နောက်တကြိမ်ထပ်ခွဲရမယ့်အချိန် ငါတို့ရှိမနေနိုင်တာကို စိတ်မကောင်းဘူး။"

"ငါ့အတွက် ကိတ်လင်းပဲလိုတယ်။ မင်းတို့မလိုဘူး စိတ်မကောင်းဖြစ်မနေနဲ့။"

ထို့သို့နောက်လိုက်လျှင် ကျန့်ကောရယ်လိမ့်မည်ဟု ထင်ခဲ့သော်ငြား ပို၍ပင်ခေါင်းငုံ့သွားတော့သည်။

"ဘာဖြစ်နေကြတာလဲကွာ ရှောင်းကျန့်ရာ။ ငါ့ရဲ့အခုလိုအခြေအနေမှာ ထားခဲ့ရလို့ ငါစိတ်မကောင်းဖြစ်မှာစိုးပြီး မင်းတို့ဒီလိုတွေဖြစ်နေပါတယ်ဆိုရင် မေ့လိုက်တော့။ ငါဘာမှမဖြစ်ဘူး။"

"မဖြစ်ပဲတော့မရှိဘူး ကျန်းချန်"

"ဟုတ်ပါတယ် နည်းနည်းတော့စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့အဲ့ဒါက ဒုတိယအကြိမ် ခွဲစိတ်တဲ့အခါ မင်းတို့ရှိနေမှာ မဟုတ်တဲ့အပေါ်ကို မဟုတ်ဘူး။ Tarvo ကိုချေမှုန်းမယ့်အထဲ ငါမပါဝင်နိုင်တော့လို့ စိတ်မကောင်းဖြစ်တာ"

Follow The Command - S4Tempat cerita menjadi hidup. Temukan sekarang