FTC - 19 S4

997 151 327
                                        

တိုက်ပွဲအနိုင်တိုက်မလာနိုင်သော်လည်း အတိုင်းအတာတခုအထိတော့ အောင်မြင် အောင် လုပ်နိုင်ခဲ့သည့် U.S.S Navy Warship ကြီးရဲ့ အိမ်အပြန်ခရီးကို သမ္မတကိုယ်တိုင်အထိ ဆင်းကြို​ပေးလာခဲ့သည်။ ယခုထိတိုင် အဖြေရှာမရသေးသည့် Cyber Virus ပြသာနာကြောင့် လာခေါ်စဉ်က လူဦးရေအတိုင်း ပြန်ဆင်းပြီးသည်နှင့် သ​ဘောင်္ကြီးက မည်သူ့ကိုမှ အသိပေးထား ခြင်းမရှိသည့် နေရာလေးသို့ ပြန်လည်ခုတ်​မောင်းသွားခဲ့သည်။ သဘောင်္ကြီးဝေးသွားသည့်တိုင် အောင် လှမ်းကြည့်နေခဲ့ကြပြီး လာကြိုဆိုသည့် ကားတစ်ချို့နှင့် ဆေးရုံကားတစီးအနီးသို့ လျှောက်လာခဲ့ကြသည်။ ဒဏ်ရာ ဆိုးဆိုးဝါးဝါးပိုးဝင်နေမှုကြောင့် အပြန်လမ်းတစ်လျှောက် လူ မှန်းသူမှန်းမသိအောင် အပြင်ဖျားနေရှာတဲ့ မီလန်နှင့် လူနာအ​ခြေအ​နေအ​သေးစိတ် သိရှိသူ ယွီပင်ကို တင်ဆောင်ခေါ်သွားရာ ဆေးရုံကားလေးထွက်သွားသည်နှင့် Andy က မိမိရှိရာသို့ လှည့်လာခဲ့သည်။

"ကဲ ဆရာရှောင်းတို့ ပြန်နားချင်လား။"

"ခင်ဗျားကရော"

"ကျွန်တော်က ဌာနမှာခဏနေရဦးမယ်။ Report ပေးပြီးတော့မှ ပြန်ဖြစ်မယ်ထင်တယ်"

"ဒါဆို ကျွန်တော်တို့လဲ မပြန်သေးဘူး။ ခင်ဗျားအိမ်မှာ တစ်ယောက်တည်းနေလို့ဖြစ်ပါ့မ လား။"

"ကျွန်တော်က ရတယ်ပြောပေမယ့် ယွီပင်က မရဘူးပြောလို့ Miller, Wayne နဲ့ Ray ကျွန်တော်နဲ့ အတူတူနေလိမ့်မယ်။ Ray ကတော့ သူ့ကောင်မလေးလဲ ရှိနေတော့ တခါတရံ ပြန်မှာပေါ့။"

"ကျွန်​တော်တို့က အလာတုန်းက တည်းခဲ့တဲ့ ဟိုတယ်ပဲလား Andy"

"ဟုတ်တယ်။ အိမ်မှာခေါ်ထားချင်ပေမယ့် အိမ်သေးတော့ ဆရာရှောင်းတို့ အနေကြပ် မှာစိုးလို့ ဟိုတယ်မှာပဲထားလိုက်ရတာ စိတ်မရှိပါနဲ့။"

"ရပါတယ် ကျွန်တော်တို့ အဆင်ပြေပါတယ်။"

"လွန်ခဲ့တဲ့ တလကျော်တုန်းက ဒီနေရာလေးမှာ မီလန်က ကျွန်တော့်ကိုထမ်းပြီး ဆေးရုံ ကားဆီပြေးရတာလေ။ အခုတော့ ကျွန်တော့်အလှည့်ပေါ့ သူ့ကို ဆေးရုံကားပေါ် ပြန်တင်ပေး လိုက်ရပြီ။"

Follow The Command - S4Tempat cerita menjadi hidup. Temukan sekarang