လည်ပင်းဆီသို့ ပတ်ပေးလာတဲ့ ကောရဲ့မာဖလာလေး တဖက်ကို အကြောင်းမဲ့ ရိပေါ်ဖိကိုင်ထားရင်း အရှေ့က ထွက်သွားပြီးဖြစ်တဲ့ ခြေလှမ်းကြဲတွေနောက် မှီအောင်လိုက်ခဲ့ရသည်။ အိမ်ဆီသို့ပြန်ရာလမ်းတစ်လျှောက် အကြိမ်ကြိမ် သက်ပြင်းချနေတဲ့ ကောရဲ့အသံကို ကြားနေရပြီး သူ တစ်ကြိမ်သက်ပြင်းချတိုင်း မိမိပါလိုက်ချမိနေသည်။
တဖက်ယာဉ်ကြောဆီက ကားမီးရောင်က မိမိတို့ကားထဲ ၀င်လာချိန် ထိုအလင်းရောင်ထဲ ကောရဲ့မျက်နှာကို အထင်းသား တွေ့လိုက်ရပြီး မျက်မှောင်နှစ်ခုစလုံး တွန့်ချိုးနေကာ ပိရိသေသပ်စွာ ပိတ်ထားသည့် နှုတ်ခမ်းတစုံအပြင် ကား စတီယာတိုင်ကို ဆုပ်ကိုင်ထားတဲ့ လက်ခုံနှစ်ဖက်လုံးပေါ်ကအကြောတွေ ထောင်ထနေခြင်းက စိတ်မသက်မသာမှုကို အတိုင်းသားဖော်ပြနေသည်။
"ကျန့်ကော.."
"အင်း..."
"ကျွန်တော် မောင်းပေးရမလား..."
"ရတယ်..ငါ့ဘာသာ မောင်းမယ်"
"Andy အဆင်ပြေမှာပါ။ အရမ်းစိတ်မပူပါနဲ့"
ထိုစကားနောက်တော့ တုံ့ပြန်သံ ထွက်မပေါ်လာခဲ့တော့ပေ။ သို့ပေမယ့် သက်ပြင်းချသံ နောက်တချက်ကတော့ ရိပေါ်နားထဲ ၀င်ရောက်လာသည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ပုံမှန်ထက်အေးစက်နေတဲ့ ညရဲ့အေးချမ်းမှုက ရင်ထဲက အပူကိုတော့ အနည်းငယ်မှတောင် မငြိမ်းချမ်းနိုင်ပေ။ ရိပေါ်ကိုခေါ်ကာ အိမ်ပြန်လာရာ လမ်းတစ်လျှောက်လုံး တဖက်မှာ ဘာတွေဖြစ်နေပြီလဲ၊ ဘယ်သူက Cyber attack ကို လုပ်ခဲ့သလဲ၊ ဘာကြောင့်လဲ၊ သဘောင်္ပေါ်က ရေတပ်သားလေးတွေရော ဘာတွေဖြစ်နေကြပြီလဲ၊ Andy ကရော ခွဲခန်းကထွက်လာလောက်ပြီလား၊ အခြေအနေက ဘယ်လိုဖြစ်နေပြီလဲ၊ သတင်းဆိုးကို မကြာခင်မှာများ ကြားရတော့မှာလား၊ Andy သာ တစုံတခုဖြစ်သွားရင် ဘယ်လိုလုပ်ရပါ့မလဲစသည့် လားပေါင်း လဲပေါင်းများစွာကြားထဲ နစ်မြုပ်နေသည်။
အိမ်ရှေ့မှာ ကားရပ်လိုက်သည်နှင့် ကျန်းချန်တို့ နှစ်ယောက်အပါအ၀င် ယွီပင်ပါ အပြေးအလွှားထွက်လာခဲ့ပြီး ဘယ်လို အခြေအနေရှိလဲဆိုတဲ့ မေးခွန်းက သုံးယောက်လုံးဆီက ထပ်ခါထပ်ခါ ထွက်လာပေမယ့် ရှောင်းကျန့် ပြန်မဖြေနိုင်သေး အထဲသို့သာဝင်လာခဲ့သည်။ အိမ်ထဲရောက်သည်နှင့် ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချကာ အနီးသို့ ၀င်ထိုင်လာကြတဲ့ သူတို့တွေကိုပါ ဝေ့ကြည့်လိုက်ပြီးနောက် ယခုအချိန်ထိ သိထားသမျှ အားလုံးကို ပြောပြလိုက်တော့ ဟိုက်ခွမ်းကတော့ သူပုံစံလေးအတိုင်း ငြိမ်ငြိမ်သက်သက် နားထောင်နေပြီး ကျန်းချန်ကတော့ စကား ဆုံးသည်နှင့် မေးခွန်းစထုတ်လာတော့သည်။
![](https://img.wattpad.com/cover/252737085-288-k420969.jpg)
YOU ARE READING
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons