FTC - 7 S4

1.1K 164 175
                                        

ကိုလံဘီယာသို့ မော်တော်ကားခရီးစဉ်က မျှော်မှန်းထားသည်ထက် အဆပေါင်းများစွား ခက်ခဲလွန်းသည်။ တောတောင်တွေကြားက ပတ်သွားရသည့်အပြင် မှောင်ခို သွားလာနေရတော့ ပို၍ပင် ပင်ပန်းခက်ခဲ့ရသလို ဒီခရီးလမ်းကို မောင်းနှင်နိုင်သူမှာ Marco တစ်ယောက်တည်းသာ ဖြစ်သည်မို့ ခရီးသိပ်မတွင်ခဲ့ခြင်းလည်း ပါဝင်သည်။ တစ်ဦးတည်းသာ ဒိုင်ခံမောင်းနှင်ခဲ့ရသော်လည်း တချက်ကလေးမှ မငြီးငြူခဲ့သည့် Marco အပေါ် တစတစ ယုံကြည်အားကိုးလာတာကြောင့် မဟာမိတ်တစ်ချို့ကို ဆက်သွယ်ဖို့ရာ အကူအညီတစ်ချို့လဲ တောင်းခံခဲ့ရသည်။ အချိန်ရှိသရွေ့ ဖုန်းထဲက နောက်ဆုံး conversation ကိုသာ မကြာခဏ ဖွင့်ဖတ်နေသည့် Miller ကို Wayne စိတ်မသက်မသာကြည့်ရင်းက ရေဘူးကမ်းပေးလိုက်ကာ

"Miller ရေသောက်ဦးမလား။"

"အင်း ကျေးဇူး Wayne "

"စာတွေအလွတ်ရနေလောက်ပြီ မင်း ခဏခဏ ကြည့်ကြည့်နေလို့။"

"ဒီအချိန်မှာ ဘာသတင်းမှ မကြားရဘူးလေ Wayne။ ငါတို့လူတွေနဲ့ ကပ္ပတိန် အခြေအနေကို နည်းနည်းလေးတောင် မသိရတော့ ငါ့ စိတ်ဖြေရာက ဒီစာတွေ ပြန်ဖတ်ဖို့ပဲ ရှိတယ်။ ကပ္ပတိန်ရော ရှိမှရှိသေးရဲ့လား မသိဘူးကွာ။ မရှိ​တော့ဖို့ ရာခိုင်နှုန်းပိုများနေမလားပဲ။ မင်းတို့လဲ စိတ်ကိုပြင်ဆင်ထားဖို့အတွက် ငါ..."

"Miller အတိအကျ ဘယ်လိုမှမသိနိုင်တဲ့ ကိစ္စတခုအပေါ် အတွေးဆိုးတွေ အရမ်းတွေးလွန်းတာကလဲ မင်းစိတ်ပင်ပန်းအောင် မင်းကိုယ်တိုင် လုပ်ယူနေတာနဲ့ အတူတူဖြစ်တဲ့အပြင် ပတ်ဝန်းကျင်က လူတွေအပေါ်လဲ လေးလံစေတာပဲ အဖတ်တင်မယ်။ ကပ္ပတိန်က ဒီလို လွယ်လွယ်ကူကူ သေမယ့်သူလား။ ဒီလောက်အခက်အခဲတွေကြားထဲ ရှင်သန်ခဲ့ပြီးမှ ဒီလိုလေး မျက်စိတမှိတ်အတွင်း ထွက်သွားမယ့်လူလား။ အဲ့ဒီလောက်တောင် ကပ္ပတိန်ကို မင်း မယုံဘူးလား။"

"မင်းပြောသလို ဘယ်လိုမှအတိအကျမသိနိုင်တဲ့ ကိစ္စတခုအပေါ် ကိုယ်လိုရာဆွဲတွေးတာကလဲ ကိုယ့်စိတ်ကိုယ် အတင်းဖြေသိမ့်နေတာနဲ့ အတူတူပဲ။ မင်းကိုယ်တိုင်လည်း မသေချာဘူး မဟုတ်လား.."

"............."

ဖုန်းပေါ်မှ အကြည့်ကိုခွာမလာပဲ Miller ရဲ့တခွန်းတည်းသော ချေပစကားက မိမိအရှိုက်တည့်တည့်ကို တိုက်ရိုက်ထိမှန်သည်။ နင့်ခနဲ ဖြစ်သွားသလို ပြန်ပြောဖို့ရာလဲ စကားလုံးရှာမတွေ့လေတော့ Miller ကို စိုက်ကြည့်နေရုံသာ Wayne တတ်နိုင်ခဲ့သည်။

Follow The Command - S4Where stories live. Discover now