အသိစိတ်ရယ်လို့ ကပ်စပြုလျှင်ပြုခြင်း ဘယ်ရောက်နေပြီလဲဟူသော အတွေးဖြင့် ဆတ်ခနဲထထိုင်လိုက်မိတော့ ခပ်လှမ်းလှမ်းက စားပွဲမှာထိုင်နေတဲ့ ရိပေါ်၊ Wayne အပါအဝင် Mike တို့ ညီအစ်ကို နှစ်ယောက်က တခုခုစားရင်း လှမ်းမေးလာသည်။
"Miller နိုးပြီလား သက်သာလား။"
ရိပေါ် မေးခွန်းကိုမဖြေအားသေး ဘေးဘီယာလှည့်ကြည့်လိုက်ပြီးတော့မှ ဆေးရုံတစ်ခုရဲ့အခန်းထဲ ရောက်နေပြီမှန်း သတိပြုမိလိုက်သည်။ ဟိုဟိုဒီဒီကြည့်ကာ ပြန်ဖြေမလာသေး၍ ထင်သည် ရိပေါ် နောက်တစ်ကြိမ်ထပ်ပြီး အသံပြုလာခဲ့သည်။
"Miller"
"သက်သာတယ် ရိပေါ်။ ငါတို့ ပြန်ရောက်နေပြီလား။"
"အေး...ပြန်ရောက်နေပြီ။ မင်းကွာ အိပ်လိုက်တာ။"
"အခု ဘယ်နှစ်နာရီလဲ။ ညပဲ ရှိသေးတယ်မဟုတ်လား။"
Miller က သူဘယ်လောက်အိပ်ပျော်နေခဲ့မှန်း သတိထားမိပုံမရသလို ဆေးရုံဝတ်စုံဝတ်ဆင်ထားသည့် Wayne နှင့် Mike တို့ ညီအစ်ကိုထံမှလဲ မျက်လုံးမခွာ။ Wayne က လက်ထဲမှ အသီးလေးကို ပန်းကန်ပေါ် ပြန်ချခဲ့ကာ Miller အနားသို့ လျှောက်သွားခဲ့ပြီးနောက်
"ညတော့ညပဲ Miller။ ဒါပေမဲ့ ငါတို့ပြန်ရောက်တာ မနေ့က ည ၇နာရီကတည်းက။ အခုက နောက်တရက်ည ၈နာရီဖြစ်နေပြီ။ မင်း တစ်ရက်နီးပါးလောက် အိပ်ပျော်နေတာ သိရဲ့လား။ "
"တကယ်လား ငါ အဲ့ဒီလောက်အိပ်ပျော်သွားတာလား။"
ထိုအချိန်မှာပင် အနားကို ဖျတ်ခနဲရောက်လာတဲ့ ရိပေါ်က နဖူးကိုပါ တဆက်တည်းစမ်းကြည့်ရင်း ပြောလာသည်။
"အေး အရမ်းအိပ်နေခဲ့တော့ ငါတို့တောင် စိုးရိမ်နေတာ။ အခုတော့ သိပ်မပူတော့ဘူး တော်သေးရဲ့။ "
"အခုတော့ လူကောင်းလိုပဲ နေလို့ကောင်းပါတယ် ။ Wayne မင်းတို့က ဘယ်လိုဖြစ်လို့ လူနာဝတ်စုံ..."
မေးခွန်းမဆုံးမှီမှာပင် Wayne က လက်ကာပြလာသည်။ ထို့နောက်..
YOU ARE READING
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons