FTC - 27 S4

1K 158 133
                                        

အပြင်ဘက်ဆီမှာ ခင်းကျင်းပေးထားသည့် ထမင်းဝိုင်းဆီ မဖြစ်မနေမို့သာ ရိပေ။ထွက်လာစားရပေမယ့် စိတ်အစဉ်ကတော့ ကျန့်ကောထံသာ ကပ်ငြိနေဆဲ၊ ဖြစ်နိုင်ရင် ဘေးနားကခွာကို မခွာချင်။ တလုပ်ပြီးတလုပ် ခပ်သော့သော့စားနေတဲ့ မိမိဧ။်ကျာပြင်ကို လက်ဖြင့်သပ်ချပေးသည့် Wayne ကို မော့ကြည့်လိုက်သည်။

"ဖြည်းဖြည်းစားပါ ရိပေါ်။ ငါကြည့်နေတာ မင်းဝါးတောင်မဝါးပဲ မျိုချပစ်နေတာလားလို့..."

"မဟုတ်ပါဘူး ဝါးပါတယ်။ ဒီလိုပဲ မြန်မြန်စားလိုက်တဲ့သဘောပါ။"

"အင်း..ထမင်းနင်မှာစိုးလို့.."

ထို့နောက် ခေတ္တတိတ်ဆိတ်သွားခဲ့ပြီး Wayne နှင့်စကားပြောစဉ် အချိန်ကတည်းက မကြာခဏလှမ်းကြည့်နေသည့် Miller ထံအကြည့်ပို့လိုက်ပြီးနောက်..

"Miller? Andy အခြေအနေအဆင်ပြေရဲ့လား။"

"မပြေတပြေပေါ့။ ဒီလောက်အနေအထားဆို အိပ်ရာထဲလှဲပြီး အနားယူသင့်ပေမယ့် သူဆက်တင်းထားရမယ့် အချိန်ဆိုတော့ သဘောၤပေါ်ပြန်ဖို့လုပ်နေတယ်။ "

"သြော်..."

"ထမင်းစားပြီးရင် ပြန်ဖို့ ပြင်တော့မှာပါ ရိပေါ်။ ဆရာရှောင်းအတွက် မင်းအရမ်းစိတ်ပူနေတာ သိပါတယ်။ "

Miller အပြောကို ခေါင်းညိတ်၍သာ တုံ့ပြန်ခဲ့သည်။ တကယ်လဲ ထမင်းစားပြီးနောက် ပြန်ရန်စီစဉ်ခဲ့ကြပြီး အယ်ဂါယိုစခန်းအနီး ရဟတ်ယာဉ်လာလို့မဖြစ်လေတော့ ရဟတ်ယာဉ်ဆိုက်လို့ရမည့် နေရာအထိ ၂နာရီနီးပါး ပြန်သွားခဲ့ကြသည်။ ကားဖြင့်တစ်တန်၊ လမ်းလျှောက်တစ်သွယ် လာရာလမ်းတစ်လျှောက် ကောကို ထမ်းပိုးဖို့ရာ အယ်ဂါယိုရဲ့ လူတစ်ချို့က တာဝန်ယူထားပြီး နောက်ဆုံးတော့ လာကြိုသည့် ရဟတ်ယာဉ်လေးပေါ် ရောက်ရှိနိုင်ခဲ့ပြီမို့ စိတ်ထဲ အားကိုးရာ ရသွားသလိုပင်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ရဟတ်ယာဉ်စက်သံကို အံတုကာ စကားပြောနေကြသည့် Miller တို့ တသိုက်၊ လပ်ကီးကို ခေါ်ထားပေးသည့် Wayne၊ တဖက်တချက်စီကို ငေးကြည့်နေသည့် ဟိုက်ခွမ်းတို့ နှစ်ယောက်အပြင် ဆရာရှောင်းကို မျက်တောင်မခတ် ငေးကြည့်နေသည့် ရိပေါ်၊

Follow The Command - S4Onde histórias criam vida. Descubra agora