Operation room လေးထဲ ရောက်သွားပြီဖြစ်တဲ့ Ray ကို မမြင်ရတော့သော်လည်း Andy ကတော့ တောင့်တောင့်ကြီး တံခါးရှေ့မှာ ရပ်နေဆဲ။ လက်နှစ်ဖက်လုံးနဲ့အကျီပေါ်မှ သွေး တွေက မခြောက်သေးတော့ ထိုသွေးပေနေသည့် လက်နှစ်ဖက်ကို ဖြန့်ကြည့်နေလေတော့ ရှောင်းကျန့် မနေနိုင်တော့စွာ လက်မောင်းတဖက်ကို အသာလှမ်းဆွဲလိုက်သည်။
"Andy ခင်ဗျား ခဏထိုင်လိုက်ပါ။"
အပြင်ဘက်လေးဆီက ခုံလေးပေါ်ထိုင်ချလိုက်သည့် Andy ကို ကြည့်ရင်း သွေးတွေ သုတ်ပစ်ဖို့ရာ တခုခုကို ဟိုဟိုဒီဒီလိုက်ရှာရင်း လက်ကိုင်ပုဝါ တစ်ထည်တော့ ထွက်လာခဲ့သည်။
"လက်တွေသုတ်လိုက်ပါဦး။ ခင်ဗျားအဆင်ပြေရဲ့လား။ ဒီမေးခွန်းကြီးက ရူးကြောင် ကြောင်နိုင်ပေမယ့် ခင်ဗျားအရမ်းငြိမ်သွားလို့ ကျွန်တော်လန့်နေတယ် Andy။"
လက်ကိုင်ပုဝါကို လှမ်းယူလိုက်သော်လည်း ဆုပ်ကိုင်ယုံသာကိုင်ထားသည့် Andy က မိမိဧ။်အမေးကိုလဲ ပြန်မဖြေသေး။ အရေးပေါ်အခန်းထဲ ရောက်နေသည့် Ray နှင့်အပြိုင် သွေးမရှိ တော့သည့် သူ့ကိုလဲ မတရားစိတ်ပူနေမိကာ မျက်လုံးတောင်မခွာရဲပေ။ အတန်ကြာတော့မှ ပထမဆုံးအကြိမ်အဖြစ် မေးခွန်းတခုမေးလာသည်။
"Ray က ကျွန်တော်တို့ကို ထားသွားမလား မသိဘူးနော် ဆရာရှောင်း။ ဘာတွေဖြစ်ခဲ့ ကြလဲ မသိပေမယ့် ဒီကိစ္စက သူ့ပယောဂမကင်းဘူးဆိုတာကို သူ ခံစားနိုင်မယ် မထင်ဘူး။"
"............."
Ray နေရာမှာ မိမိသာဆိုရင်လည်း သေသွားတာမှကောင်းဦးမယ်ဟု တွေးနေမိမှာ သေချာနေလေတော့ Andy မေးခွန်းကို ပြန်မဖြေဖြစ်တော့ပေ။ သတင်းကြားသွားကြတဲ့ Miller, Wayne က အပြေးရောက်လာခဲ့သလို ခြေထောက်ဒဏ်ရာကိုတောင် ဂရုမစိုက်နိုင်တော့တဲ့ မီ လန်ကလဲ ဝှီးချဲအသုံးပြုကာ ရောက်လာသည်။ Miller တို့ အနားမရောက်ခင်မှာ သူတို့အနီးသို့ ရှောင်းကျန့် သွားလိုက်ပြီးနောက် အသံကိုလျှော့ချ၍ ဆိုလိုက်သည်။
"Miller Wayne မင်းတို့ဘာတွေကြားခဲ့လဲတော့ မသိဘူး။ ဒါပေမဲ့ ဒီကိစ္စမှာ Ray ပတ် သတ်တယ်၊ မပတ်သတ်ဘူးဆိုတဲ့ သက်သေမရသေးဘူး။ မင်းတို့ ကပ္ပတိန်ကို စိတ်ထိခိုက်စေ မယ့် မေးခွန်းကိုရှောင်ပါ။"
![](https://img.wattpad.com/cover/252737085-288-k420969.jpg)
YOU ARE READING
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons