The Alien - 2 (FTC Special Episode)

1.1K 168 191
                                        

ဟာဝိုင်အီ ရောက်၇ှိသည်နှင့် လာရောက်ကြိုဆိုသည့်အဖွဲ့ ခေါ်ဆောင်ရာလိုက်ခဲ့ပြီးနောက် ဟိုတယ်တခုသို့ ရောက်လာခဲ့သည်။ လူအများကြီး ပါလာသော်လည်း ဟောက်ရွှမ်း၊ Wayne နှင့် Miller က အာကာသစောင့်ကြည့်နေရေး ဌာနဆီ သွားမှာဖြစ်လို့ ကျွန်တော်၊ ရိပေါ်၊ ယွီပင်နှင့် လပ်ကီးက တခန်းယူကာ Ray နှင့် Andy ကတော့ တခန်းသပ်သပ်၊ ဟိုတယ် ဆင်ဝင်အောက် ရောက်ရှိပြီး ကားအပြင်ဘက်သို့ Andy ခြေတလှမ်းချလိုက်သည်နှင့် အသင့်နေရာယူထားသည့် လူတွေက သတိစွဲအလေးပြုနေကြချိန် Lobby ထဲက ပြေးထွက်လာသူ တစ်ဦး။ ထို သူက အလေးပြုပြီးသည်နှင့် တပြိုင်နက် Andy အနီးသို့ ပြေးကပ်လာခဲ့သည်။

"ကပ္ပတိန်!"

ပြေးမဖက်ရုံတမည် အနားကပ်လာသည့် Green ပခုံးကို ကိုင်ကာ ကျွန်တော်တို့ ရှိရာဘက် လှည့်လာသည့် Andy။

"ဆရာရှောင်းတို့ကို နှုတ်ဆက်ဦးလေ Green...။"

"ဆရာရှောင်းတို့ နေကောင်းလား။ မတွေ့ရတာကြာပြီ။"

"ကောင်းပါတယ် မင်းတို့တွေကို မတွေ့ရတာကြာလို့ သတိရနေတာ။ ကျန်သူတွေရော..."

"စုပေါင်းလေ့ကျင့်ရေးမှာ သုံးမယ့် သဘောင်္ဆီ တက်ကြည့်နေကြတယ် ။ ကပ္ပတိန်နဲ့ သဘောင်္ပေါ်ရောက်မှ ဆုံကြမှာ။ ကျွန်တော်က Miller တို့နဲ့ လိုက်သွားရမှာဆိုတော့ မသွားခင် ကပ္ပတိန်ကို လာနှုတ်ဆက်တာ ။ သဘောင်္ကြီးကလဲ တော်တော်ထိသွားလို့ ပြင်ရတာကြာဦးမှာ အခု ပြန်သွားပြီးရင် ပြန်လာဖို့ အချိန်ယူရဦးမှာမို့လို့...။"

သူ့ ကပ္ပတိန်ဘေးမှ ကပ်လိုက်ရင်း ကျွန်တော့်ဘက်ကို စောင်းငဲ့ကြည့်ကာ တရစပ် ပြောပြနေသည့် Green။ ကာလရှည်ကြာ အတူတူရှိနေသူတွေထဲက တစ်ယောက်ဖြစ်သည်မို့ သူသည်လဲပဲ ကျွန်တော်တို့အတွက် ရိပေါ်တို့လို အငယ်လေးပင် ဖြစ်သည်။ ခဏအကြာမှာတော့ ကျန်သူတွေနဲ့ အချိန်ပိုရစေရန် ရည်ရွယ်လိုက်သည့် Andy က Green ကို ခေါင်းညိတ်ပြလိုက်ပြီးနောက်...

"မင်းသူငယ်ချင်းတွေနဲ့ စကားပြောလိုက်ဦး...။"

"ဟုတ်ကဲ့..."

Green နှင့် ကျန်သူများတစ်ဖွဲ့သီးသန့် စကားပြောနေခိုက် ကျွန်တော်ကတော့ Andy အနီးမှာပဲ ဆက်ထိုင်နေကာ လာကြိုဆိုသည့် အဖွဲ့နှင့် Andy စကားပြောအပြီးကို စောင့်နေခဲ့သည်။ ထို့နောက်...

Follow The Command - S4Where stories live. Discover now