FTC - 13 S4

1.2K 171 330
                                        

လက်ပတ်နာရီက ညွှန်ပြနေသည့် နေ့လည် ၁ နာရီခွဲဟူသော အချိန်ကိုကြည့်လိုက်၊ ဟာနေသည့်ဗိုက်ကို ပြန်ကိုင်လိုက်၊ ခုနကတော့ ကျောကုန်းနာလို့ဆိုကာ တအီအီငြီးပြီး အခုတော့ တရှူးရှူးနဲ့ မှောက်ခုံကြီး အိပ်ပျော်နေသည့် ရိ​ပေါ်ကို ကြည့်လိုက်ဖြင့် ဘယ်သူ့ကို စိတ်တိုလို့တိုနေမိမှန်း မသိရာက တံခါးဖွင့်ဝင်လာသည့် ကျန်းချန်တို့ နှစ်ယောက်ကို တွေ့လိုက်သည့်သကာလ ဒေါသပုံချလို့ရမည့်နေရာကို ​ရှောင်းကျန့်တခုရသွားခဲ့သည်။ ကျန်းချန်ကတော့ မိမိအမူအရာကို သတိမထားမိပဲ သူ့ ပြောလက်စစကားကို ဖြတ်လိုက်ကာ

"သြော် မင်း ရောက်နေတာပဲ ရှောင်းကျန့်..။ ဘယ်သူမှ မရှိဘူးထင်လို့ "

"မင်းတို့ ဘယ်ရောက်နေတာလဲ.. "

"Andy ရဲ့ အကြောင်းကြားလို့ သွားကြည့်တာ အိပ်နေလို့ ပြန်လာခဲ့တယ်။"

"အိပ်နေလို့ပြန်လာတဲ့သူတွေက အဲ့ဒီလောက်ကြာနေရသလား။"

"ယွီပင်နဲ့ စကားပြောနေသေးတယ်လေ။"

"ထားပါတော့ Andy ဆီမသွားခင် အချိန်မတိုင်မီရော ဘာလုပ်နေကြလဲ။"

"နေပါဦး မင်း ငါတို့ကိုရစ်နေတာလား"

"ရစ်နေတာမဟုတ်ဘူး။ ရိပေါ် ပြုတ်ကျတာကတော့ ထားပါ သူ့ဘာသာပြုတ်ကျတာ။ ကျောကုန်းကိုလဲကြည့်ဦး ညိုမဲနေတာပဲ။ တခုခုဖြစ်တယ်ကြားရင် လာကြည့်မှပေါ့ကွာ။ ဟိုမှာ တစ်ယောက်ကလဲ ကျန်းမာရေးမကောင်းလို့ ထဖြစ်လိုက်ရင် အသည်းအသန်ချည်း။ ငါ့မှာ ဟိုပြေးဒီပြေးနဲ့ မအားတာကို မင်းတို့ကအငယ်တွေကို မကြည့်ပေးကြဘူး"

ဒီလောက်ဆိုရင် ရှောင်းကျန့် ဘာကိုမုန်ယိုနေမှန်း ကျန်းချန် ရိပ်မိပြီဖြစ်လို့ ခွန်းတုံ့မပြန်တော့ပဲ ရိပေါ် အကျီင်္စကိုသာ သွားလှန်ကြည့်နေလိုက်တော့သည်။ ပြန်ပြောနေပါက ပေရှည်ပြီး ရမ်းကားလို့ဆုံးတော့မည်မဟုတ်​ပေ။

"ငါ ထမင်းသွားစားဦးမယ်။ ခဏနေ သူ့ကိုနှိုးပြီး ထမင်းစားခန်းလွှတ်လိုက်။ ကျောကုန်းနာနေတယ်ဆိုရင် ယူကျွေးသင့် ကျွေးလိုက်ကြကွာ။"

"ထမင်းစားခန်း လွှတ်လိုက်မယ်။ ကျောကုန်းက ခြေထောက်မှမဟုတ်တာ လာနိုင်ပါတယ်။ အကဲပိုမနေစမ်းပါနဲ့.."

Follow The Command - S4Tahanan ng mga kuwento. Tumuklas ngayon