ဂျိုပုံစံရှိသော ထိပ်ချွန်ကြီးထိပ်မှ ပျံဝဲ lထွက်လာသည့် လည်နေသည့် အ၀ိုင်းသုံးခု၊ ဘောလုံးတွေလို အ၀ိုင်းသဏ္ဍန်ရှိကာ ထက်လှသည် ဘလိတ်ဓားအသွားများဖြင့် နေရာအနှံ့ပြည့်နှက်နေသည့် ချိန်းကြိုးများက ပတ်ပတ်လည် တပ်ဆင်ထားပြီး တခုနှင့်တခု လည်ပတ်ပုံခြင်း မတူညီပေ။ တစ်ကြိုးကဘယ်မှညာ လည်ပတ်ရင် နောက်တစ်ကြိုးက အထက်မှအောက်သို့ လည်ပတ်နေသည်မို့ ထိုအလုံးကြီးမှာ တလက်လက်ထက်မြကာ လည်ပတ်နေသည့် သတ္တုပြားများနှင့် နေရာမလပ်စီခြယ်ထားသလိုပင်။
ထိုအလုံးသုံးလုံးနှင့် ယာဉ်ပျံတစ်စင်းက အစွန်းထိပ်မှ ပျံဝဲထွက်ရှိလာကာ မှင်သက်စွာကြောင်ကြည့်နေသည့် ကျွန်တော်တို့ အပေါ်မှဖြတ်၍ တစ်နေရာရာကို ဦးတည်သွားနေသည်။ ဆရာရှောင်းထံသို့ တချက်လှမ်းကြည့်လိုက်ကာ တခွန်းမေးမိသော်လည်း နှုတ်ဆိတ်နေသည်မို့ သူ့မှာ အဖြေရှိဟန်မတူ၊ အခြေအနေစောင့်ကြည့်နေခဲ့ပြီး ရေပြင်ဆီမှ ထိုအရာတွေထံက လှုပ်၇ှားမှု မရှိလာသည့်အဆုံး ဒီနေရာမှ ဂျပန်သဘောင်္ကို ပြန်ခွာခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။
"ဆရာရှောင်း...ဂျပန်သဘောင်္ကို နောက်ကြောင်းပြန်လှည့်ခိုင်းလိုက်တော့မယ်။ အရေးကြီးတာတွေနဲ့ လူပုဂ္ဂိုလ်တစ်ချို့ကိုလဲ ပြန်တင်ပေးလိုက်ချင်တယ်။ ကျွန်တော်တို့ကတော့ ဘာတွေလဲဆိုတာကို အဖြေရှာနိုင်ဖို့ ဆက်ရှိနေရမှာပေမယ့် ဂျပန်သဘောင်္က ဧည့်သည်တွေဖြစ်နေတဲ့အတွက် မထိခိုက်စေချင်ဘူး။ အဲ့ဒါ..."
"ကျွန်တော်တို့ကိုပါ ပြန်လိုက်သွားပါဆိုရင်တော့ လက်မခံနိုင်ဘူးနော် Andy ။ ကျွန်တော်တို့ ဒီမှာပဲ ရှိနေပြီး အဖြေရှာချင်တယ်။"
ဆက်ပြောမည့်စကားကို ကြိုသိနေသည့်မို့ Andy စကားမဆုံးမှီမှာပင် ဖြတ်ပြောလိုက်တော့သည်။ လှစ်ခနဲ အပြုံးနဲ့အတူ ခေါင်းတဆတ်ဆတ်ဖြစ်သွားသည့် Andy မှာလဲ ၀တ္တရားအရသာ ပြန်လွှတ်ချင်တာပေမယ့် တကယ်တမ်းတော့ ရှိနေစေလိုသည့်ပုံပင်။ အနားရောက်လာသည့် ရိပေါ်မှာ ပြောနေသည့် အကြောင်းအရာကို ရိပ်မိနေပြီး တစုံတခု ပြောချင်နေသည့် ဟန်ပေမို့ ကျွန်တော်ကပင် စကားစပေးလိုက်တော့သည်။
BINABASA MO ANG
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons