စက်ခန်းထဲက ကြီးမားလှသည့် စက်တခုနောက် ပြေးဝင်ခဲ့ပေမယ့် ပွင့်ဟစပြုလာသည့် သံမဏိတံခါးကို တလှည့်၊ ကျောက်ရုပ်ကြီးလို ငြိမ်သက်စွာ ရပ်နေကြသည့် ကျန့်ကောတို့ကို တလှည့် ကြည့်နေရာက တံခါးပွင့်လာခဲ့ချေပြီ။ ရိုးရိုးပွင့်လာခြင်းတော့မဟုတ် ၀ှီးခနဲ လွင့်ပျံထွက်လာကာ ကောတို့နောက်ဘက်နှင့် ကျွန်တော်ပုန်းအောင်းနေရာအကြား ကွက်လပ်ဆီသို့ ဘုန်းခနဲ ပြုတ်ကျလာခြင်းဖြစ်ပြီး ၀င်လာသည့် ကျူးကျော်ကောင်ကို မြင်လိုက်ရတော့ ချောင်းမြောင်းကြည့်နေရာကခွာကာ စက်ကြီးကို မှီလိုက်ရသည်။
ဘုရားရေ....ဟူသော အကြိမ်ကြိမ်သော အာမေဋိတ်နဲ့အတူ နဖူးဆီမှ စီးကျလာသည့် ချွေးက မျက်လုံးထဲသို့ စီးဝင်စပြုလာသည့်အပြင် လည်ပင်းတ၀ိုက်မှတဆင့် စိမ့်ထွက်နေသည့် ချွေးတွေမှာလဲ ၀တ်ဆင်ထားသည့် အကျီရေညှစ်ချလို့ ရသည်အထိ။ ကြာကြာတော့ အကြည့်မခွာရဲလေတော့ မြင်သာရုံခေါင်းပြူကာ အပြန်အလှန် စိုက်ကြည့်နေကြသည့် Andy နဲ့ ကျုးကျော်ကောင်ကြီးဆီ အကြည့်ပြန်ပို့ကာ ထိုအကောင်ကြီးရဲ့ လက်တဖက်မြောက်တက်လာတော့ အသက်ပင် မရှုရဲသလောက်ပင်။ သို့သော် ထိုလက်က Andy ဆီမှခွာကာ ဘေးဘက်ရှိ စက်ပစ္စည်းတွေဆီသို့ ဦးတည်သွားခဲ့သည်။
သက်၇ှိလူထံမှ သွေဖယ်သွားသည့် လက်နက်ကြောင့် သက်သာရာရသွားသည့်စိတ်က စက်တွေဆီ ထိုလက်ကြီး ဆန့်တန့်သွားချိန်မှာတော့ ဒိန်းခနဲပြန်ဆောင့်ခုန်သွားခဲ့ရပြီ။ စက်တွေဖျက်ဆီးခံရပါက သဘောင်္ဆက်သွားနိုင်မှာ မဟုတ်တော့သည်မို့ ဘာလုပ်ရမလဲ ဟူ၍ အပြေးအလွှားစဉ်းစားနေခိုက် လှုပ်ရှားလိုက်သူက Andy ပင်။ ကောထံသို့ အချက်ပြသည့် သဘောဖြင့်...။
"ဆရာရှောင်း!"
ဟု အော်ကာ ထိုကျူးကျော်ကောင်ကို အနောက်ဘက်က ပြေးတိုက်တော့သည်။ Andy သာ နောက်ပြန်လန်လဲသော်လည်း ထိုအကောင်ကြီးကတော့ တုတ်တုတ်မျှမလှုပ်။ သို့သော် ခေါင်းကတော့ ငဲ့စောင်းကြည့်လာပြီး လှည့်မလာခင်မှာပင် Andy က သဘောင်္အတွင်းသုံး ပေါက်ချွန်းလို ကိရိယာတစ်မျိုးအား ကောက်ဆွဲယူကာ ထိုအကောင်ကြီးရဲ့ခါးလည်မှ ထပ်မံ ဖြတ်ရိုက်သည်။ ဒီတကြိမ်မှာတော့ ကျူးကျော်ကောင်ရဲ့ အနေအထား ပျက်ယွင်းသွားသော်လည်း သူရဲ့အနည်းငယ်မျှသော လက်ပြန်ရိုက်ချက်က Andy ကို တော်တော်ဝေးဝေးထိ လွင့်သွားစေခဲ့သည်။
KAMU SEDANG MEMBACA
Follow The Command - S4
Fiksi PenggemarFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons
