FTC - 26 S4

892 153 106
                                        

Florida, ORLANDO

အတန်ငယ်ကျယ်ဝန်းသော နှစ်ထပ်တိုက်အိမ်ကြီးထဲမှ အိမ်ရှင်မဖြစ်ဟန်တူသူ အမျိုးသမီးတစ်ဦးက အပေါ်ထပ်လှေကားမှ ဆင်းလာရင်း ခြံဝန်းလေးထဲ ဒန်းစီးနေသည့် သမီးဖြစ်သူကို လှမ်းခေါ်နေသည်။

"Zoey မိုးချုပ်တော့မယ် အိမ်ထဲဝင်ခဲ့တော့လေ။"

"........."

"Zoey? "

ပြန်မထူးသော်လည်း ကလေးရဲ့ရယ်သံများက အိမ်ထဲထိတောင် ပျံ့လွင့်လာနေတော့ ခြံထဲရှိရာသို့ လှမ်းလာနေခိုက် သမီးလေးရဲ့ လှမ်းဖြေလာသံ အနောက်မှာတော့ သူမတစ်ကိုယ်လုံး တောင့်တင်းသွားကာ ထိုနေရာသို့ အပြေးရောက်သွားခဲ့တော့သည်။

"ခဏလေးပါ မာမီ၊ ဒီမှာ အန်တီ Claria ရောက်နေလို့..."

ဒန်းလေးကိုလွဲှပေးနေရင်း ရယ်ပြနေသည့် Claria အပြုံးများက ညီအစ်မအရင်းဖြစ်သည့်တိုင်အောင် သူမ ကျောရိုးထဲထိ စိမ့်တက်လာခဲ့သလိုပင်။ သို့သော် မတွေ့ရတာနှစ်တွေကြာနေခဲ့ပြီဖြစ်တဲ့ ညီမကိုတော့ အိမ်ထဲခေါ်ကာ လက်ခုံပေါ်မှ ဒဏ်ရာတွေကို ပလာစတာကပ်ပေးရင်းဖြင့်

"နင် စိန့်လူးဝစ်မှာ ရှိနေတယ်လို့ ငါသတင်းတွေကြားခဲ့တယ် Claria ။"

"စိန့်လူးဝစ် အင်း ဟုတ်တယ် ငါအဲ့ဒီမှာရှိနေတာ။ အစ်မ နင်မေးချင်တာ အကုန်လုံးကိုမေးပါ။"

စားပွဲပေါ်ရှိ ပန်းကန်ထဲမှာ အစားအသောက်ကိုဇွန်းဖြင့် ခပ်မစားပဲ လက်နှင့်အပြည့်ဆုပ်ကိုင်ကာ ပါးစပ်ထဲထည့်နေသည့် ညီမဖြစ်သူကို ကြည့်ပြီးနောက် ခေါင်းခါပြလာသည်။

"နင် ပျောက်သွားခဲ့တာ အကြာကြီးလေ Claria, တော်ပါတော့ ငါမမေးချင်ဘူး။"

"မရဘူး မေး..တခုခုတော့ မေး။ ငါ ဖြေပေးမယ်။"

"ငါ မေးဖို့မလိုဘူး။ "

"ဘာလို့လဲ။ ငါ့အကြောင်းကို နင် အကုန်သိနေတယ်ဆိုတဲ့သဘောလား အစ်မ။"

"ဟုတ်တယ်။ နင် ဘယ်လိုလူမျိုးလဲငါသိတယ်။"

"ဟုတ်လှချည်လား..ငါက ဘယ်လိုလူမျိုးလဲ။"

ဆေးသုံးထားသည့် လူတစ်ယောက်လို မျက်တွင်းတွေညိုချိုင့်ကာ မျက်လုံးအကြည့်တွေက အေးစက်နေသည့်အပြင် မပွင့်တပွင့်ရယ်သံဖြင့် ပြောလာတော့ သူမ ဒေါသထွက်စွာ ပန်းကန်တစ်ချပ်ကို ဆောင့်ချလိုက်သည်။

Follow The Command - S4Donde viven las historias. Descúbrelo ahora