FTC - 12 S4

1.3K 166 287
                                        

"ဟောက်ရွှမ်းကို Bridge ဆီ ခေါ်ခဲ့ပေး"

"ဟုတ်ကဲ့ပါ ကပ္ပတိန်..."

သဘောင်္အတွင်းပိုင်းထဲ ပြန်ဝင်သွားတဲ့ Andy က အနီးရှိတပ်သား တစ်ယောက်ထံ လှမ်းပြောပြီးနောက် ခြေလှမ်းကြဲကြီးတွေနဲ့အတူ Bridge ရှိရာ ခပ်သုတ်သုတ်လှမ်းနေသည်မှာ ​ရှောင်းကျန့်​တောင် ပြေးပြေးလိုက်နေရတဲ့ အထိပင်။

"Andy...ဖြေးဖြေးလျှောက်ပါ၊ ဖြေးဖြေး.."

"ဆရာရှောင်း..အခုဆို အခြေအနေပိုဆိုးသွားပြီ "

"ဂြိုလ်တုအကုန်လုံး ပျက်ကျကုန်ပြီလား။"

"သေချာမသိသေးဘူး confirm လုပ်ဖို့ ခက်နေတယ် ဆရာရှောင်း.."

Bridge ရှိရာ လှမ်းဝင်လိုက်သည်နှင့် ကြိုရောက်နေသည့် ဟောက်ရွှမ်းကိုခေါ်ကာ မီတင်ခန်းသို့ ဆက်ဝင်သွားသည့် Andy နောက် မိမိ၊  မီလန်နှင့် Ray ပါ မကျန်လိုက်ဝင်ခဲ့ရသည်။

"ထိုင် ဟောက်ရွှမ်း.."

"ဟုတ်ကဲ့.."

"တခုမေးမယ်..မင်း ဘယ်လောက်ထိ ကွန်ရက်ကို ကာကွယ်နိုင်လဲ။ ဒီ သေဘာၤေပၚကေန.."

"အမှန်တိုင်းပြောရမယ်ဆိုရင် ဘယ်လောက်ရာခိုင်နှုန်းပါလို့ ကျွန်တော် မပြောနိုင်ပါဘူး။ ပထမတုန်းကပြောခဲ့သလိုပဲ တဖက်က အင်အားကြီးပါတယ်။ ပုံမှန်အားဖြင့်ဆို ကျွန်တော် စတည်ဆောက်ခဲ့တဲ့ ဌာနချုပ်မှာနေရင်း ထိန်းချုပ်တာက ပိုပြီးထိရောက်မယ်ဆိုပေမယ့်...ပိုပြီး safe ဖြစ်အောင် ဒီ သဘောင်္ပေါ်ကို လိုက်လာခဲ့တာပါ။"

"ပိုပြီး safe ဖြစ်အောင်...။ဘာကိုဆိုလိုတာလဲ ဟောက်ရွှမ်း.."

"..........."

"ပြောပါ ပြောလို့ရပါတယ်။ မင်းတခုခုကို မသင်္ကာနေတာလား.."

"အခုပြောမယ့်စကားက ကပ္ပတိန်တို့အတွက် တစ်မျိုး ဖြစ်စေနိုင်ပေမယ့် တစုံတရာကို လက်ဆုပ်လက်ကိုင် မပြနိုင်သေးသ၍ ခန့်မှန်းခြေသက်သက်လို့သာ သဘောထားပေးပါ။"

စကားပလ္လင်ခံနေတဲ့ ဟောက်ရွှမ်းမှာ ပြောရအတော်ခက်နေပုံပင်။ ဘာမှန်းမသိပေမယ့် အရေးကြီးမှန်း သိနေတော့ မိမိတို့မှာလဲ သိချင်းစိတ်ပြင်းပြကာ အသက်တောင် ပြင်းပြင်းမရှုထုတ်မိ။ ချိန်ဆကာ ခပ်လေးလေး ပြောလာသည့် ဟောက်ရွှမ်းနဲ့ နောက်ဆက်တွဲ စကားနောက်မှာတော့ Andy ရဲ့မျက်ခုံးတွေ ပင့်တက်သွားသလို မီလန်သည်လည်း ချက်ချင်းဆိုသလို မျက်မှောင်ကုတ်ကျသွားသည်။

Follow The Command - S4Dove le storie prendono vita. Scoprilo ora