The Alien - 3 (FTC Special Episode)

883 142 72
                                    

အာကာသစခန်းငယ်လေးထဲ လူလေးငါးယောက်သာ ရှိပြီး ထိုငါးယောက်မှာ မျက်နှာခြင်းဆိုင်ထိုင်ကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေဆဲ။ ငါးယောက်ဝိုင်းထိုင်ထားသော စားပွဲမှာ လှုပ်သည်ထက် လှုပ်လာတော့ Miller က ထိုင်ရာမှ ဆတ်ခနဲထလိုက်ကာ..

"ဟောက်ရွှမ်း..ဘာလို့ စားပွဲကြီး လှုပ်နေတာလဲ.."

ဟု အလန့်တကြားမေးလာတော့ ဟောက်ရွှမ်းမဖြေခင်မှာပင် Green က ခပ်တိုးတိုးဝင်ဖြေလာသည်။

"ငါ ခြေထောက်လှုပ်နေလို့..."

"မင်း ခြေထောက်က ဘာလို့လှုပ်နေတာလဲ...။"

"စိတ်လှုပ်ရှားလွန်းလို့ပါ Miller ရယ်။ ဘာကြီးက ဘယ်နေရာမှာ ကျနေပြီလဲ..။"

"ဟောက်ရွှမ်း.?..ငါတို့ ဘာလုပ်မလဲ သဘောင်္ကို ထပ်အကြောင်းကြားမလား..။"

"သဘောင်္ကို အကြောင်းကြားပြီး ဘာပြောကြမှာလဲ ငါတို့ ဘာမှမှ မတွေ့သေးတာ အဲ့ဒီတော့ အဲ့ဒီနေရာကြီး ကျလာနိုင်လောက်တဲ့ နေရာမှာ သွားရှာရမယ်။ record ယူထားတာ ရှိတယ်မဟုတ်လား။"

အမှုထမ်းလေးကို လှမ်းမေးလိုက်ကာ ဖမ်းယူထားသည့် record ပြန်ကြည့်၍ လမ်းကြောင်းတွက်ချက်နေသည့် ဟောက်ရွှမ်းကို ဘာမှမပြောဖြစ်ကြသော်ငြား ဘာမှန်းမသိသည့် အရာကို လိုက်ရှာကြမည်ဆိုသော စကားအပေါ်တော့ Wayne လက်ခံချင်ပုံမရပေ။

"ဟောက်ရွှမ်း တကယ်ကြီး ငါတို့ သွားကြည့်မှာလား။ အဲ့ဒါ သိပ်မကောင်းဘူးလို့ ငါခံစားနေရတယ်နော်..."

"မကြည့်ရင် ဘာမှန်း ငါတို့ဘယ်လိုသိမှာလဲ။ မမေ့နဲ့နော် ငါတို့ဘာမှန်းမသိသေးတဲ့ အရာတွေက ငါတို့နေရာနားတင်မဟုတ်ဘူး ကပ္ပတိန်နဲ့ ရှောင်းကျန့်ကောတို့တွေ ရှိနေတဲ့ ပင်လယ်ထဲလဲ ကျထားတယ်ဆိုတာ...။"

ထို့နောက်မှာတော့ ပင်လယ်ပြင်ထဲ အဖွဲ့လိုက်ရောက်၇ှိနေကြသည့် အဖွဲ့သားတွေနှင့် အကြီးအကဲတွေအတွက် တွေးမိသွားဟန်တူကာ မည်သူ တစ်ဦးတစ်ယောက်ကမှ ပြောဆိုခြင်း မပြုတော့ပဲ ရှာဖွေရန် စတင်ထွက်ခွာလာကြပြီး ထိုပစ္စည်းကို တွေ့ရှိချိန်မှာတော့ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။ ပျားအုံအိမ်တွေလို အကွက်တွေပါရှိသည့် အစိတ်အပိုင်းလေးကတောင် ကြီးမားနေသည့် အရာတခု...။

Follow The Command - S4Onde histórias criam vida. Descubra agora