FTC - 25 S4

847 150 93
                                    

ညည်းညူသံသဲ့သဲ့ကြောင့် Andy ဖျတ်ခနဲလန့်နိုးကာ ဘေးဘီယာဝေ့ကြည့်တော့ ထို အသံက ဆရာရှောင်းထံမှ ထွက်ပေါ်နေခြင်း။ ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်မည်းမှောင်ကာ အေးစိမ့်လို့နေသည်။ ဆရာရှောင်းရဲ့ခန္ဓာကိုယ်ကို စကိုင်လိုက်စဉ်မှာပင် ပူကျစ်နေသည့် အထိ အတွေ့က အဝတ်အစားကိုဖောက်ထွက်ကာ လက်ကိုလာထိနေတော့ လေထီးအစကို ပိုမိုထူထဲ သွားအောင် ထပ်ခြုံပေးကာ မိမိကတော့ ဦးထုပ်လေးမှာပါသည့်ဓာတ်မီးကို အသုံးပြု၍ စမ်း ချောင်းနံဘေးသို့ ထွက်လာခဲ့သည်။

ခါးဆီမှဒဏ်ရာက ခြေတလှမ်းလျှောက်တိုင်း စူးနေအောင်နာနေပြီး တို့ထိကြည့်တော့ လည်း ကပ်စီးစီးဖြစ်နေတော့ သွေးသေချာမတိတ်သေးမှန်း သိလိုက်တာကြောင့် စမ်းချောင်းဆီမှ ရေဖြင့်အသာဆေးချလိုက်သည်။ အနည်းဆုံးတော့ ဒဏ်ရာသန့်ရှင်းသွားမည်လေ။ စမ်းချောင်းနံ ဘေး ကျောက်ခဲအသေး ၄ ၅ တုံးခန့်နှင့် သစ်ကိုင်းခြောက်တစ်ချို့ကို ယူဆောင်ကာ ဆရာ ရှောင်းရှိရာသို့ ပြန်လာခဲ့သည်။ ကျောက်တုံးနှစ်ခုကို ကြိမ်ဖန်များစွာပွတ်ခြေ၍ မီးပွင့်အောင် လုပ်ခဲ့ပြီး သစ်ကိုင်းခြောက်များကိုကူးစေခဲ့သည်။ မီးပုံလေးဆီက ထွက်လာသည့် အလင်း ရောင်နှင့် အနွေးဓာတ်ကြောင့် နည်းနည်း နေသာသွားသလိုဖြစ်လာပြီမို့ ဆရောရှာင်းမျက်နှာနား အသာတိုးကပ်လိုက်သည်။

"ဆရာရှောင်း "

ဆရာရှောင်းက တုံ့ပြန်ရန်ကြိုးစားနေပုံရပေမယ့် နားထင်နှင့်ခေါင်းတဝိုက်ဒဏ်ရာ၊ ဝမ်း ဗိုက်ဆီက ဟက်တက်ကွဲဒဏ်ရာအရှိန်က ကိုယ်ပူရှိန်ကို အတော်လေးတက်စေကာ ထိုဒဏ်ကို အသံမထွက်နိုင်လောက်အောင် ကောင်းကောင်းခံစားနေရပုံပင်။ ကိုယ်တိုင်လည်း မျက်လုံးတွေပူ ကာ ခါးဆီမှာ ဒဏ်ရာရထားသော်လည်း ဆရာရှောင်းလောက်တော့ မပြင်းထန်ပေ။ မအီမသာ ညည်းနေသည့် ဆရာရှောင်းအသံကို စိတ်မချမ်းသာစွာ ထိုင်နားထောင်နေရင်း မီးပုံကိုလဲ ယူ လာခဲ့သည့် သစ်ကိုင်းခြောက်တွေနှင့် မပြတ်ထိုးပေးရသေးသည်။

လုံလောက်သည့် အနွေးဓာတ်ရလာတော့ လောင်စာထပ်ယူဖို့ ထပ်ထွက်လာရင်း ဘာရွက်မှန်းမသိရသည့် အတော်အတန်ကြီးမားသော သစ်ရွက်ကိုယူကာ စမ်းချောင်းရေဖြင့် ဆေးကြောပြီးနောက် ကတော့ပုံစံခေါက်ကာ ရေခပ်၍ ပြန်လာခဲ့ပြန်သည်။ စမ်းချောင်းရေမတိုက် ချင်ပေမယ့် အပူရှိန်တအားတက်နေသည့် ဆရာရှောင်းကို ရေတိုက်ဖို့လိုအပ်နေတာကြောင့် တခြားနည်းလမ်းမရှိခဲ့။ ခေါင်းက ဒဏ်ရာတွေကို မထိရလေအောင် အသာမယူပြီးနောက်

Follow The Command - S4Onde histórias criam vida. Descubra agora