ကုန်တိုက်ကြီးတခုထဲ ငေးစရာ၊ ကြည့်စရာ တစ်ပုံတစ်ပင်ကြားထဲ ဖုန်းဆိုင်ရှိရာသို့ တန်းလာခဲ့ကြသည်။ ယနေ့ Andy ဆေးရုံဆင်းမည်ဆိုတော့ လက်ဆောင်တခုခုပေးရန်အပြင် မနက်ဖြန်ဆို သဘောင်္ရှိရာ ထွက်ခွာမည်ဖြစ်လို့ လိုအပ်တာ တစ်ချို့ဝယ်ရန်အတွက် ရောက်နေခြင်းပင်။ ထိုမျှမကသေး ယနေ့ည Andy နေအိမ်မှာ အသေးစား ပါတီပွဲလေးလဲ လုပ်မည်ဖြစ်ကာ အသောက်အစားအတွက်ပါ ၀ယ်ယူရန်ပါ ရောက်လာကြခြင်းလည်း ဖြစ်ပြန်သည်။
"ကော ကျန့်ကော ကျွန်တော် ဟိုအနွေးထည်လေး ကြိုက်တယ်။"
"ဘယ် အနွေးထည်လဲ.."
ပြန်ဖြေသံနှင့်အတူ မျက်လုံးကပါ ရိပေါ် လက်ညှိုးထိုးပြရာ ဆိုင်ဆီသို့ရောက်သွားခဲ့သည်။ ခေါင်းစွပ်အပါ နက်ပြာရောင်အရောင်စိုစိုနဲ့ အကျီင်္လေးတစ်ထည်က စင်ရဲ့အပေါ်ဆုံးမှာ နေရာယူထားသည်။
"အကျီင်္ကပါးပါးလေး ရိပေါ်။ ဒီရာသီဥတုနဲ့ဆို အဲ့ဒီအကျီင်္က ဘာမှ အကွာအကွယ်မပေးနိုင်ဘူး။"
"ညဘက်တွေ ၀တ်ဖို့မဟုတ်ဘူးလေ။ နေ့ခင်းနေ့လည် ပေါ့ပေါ့ပါးပါးလေး ၀တ်ချင်လို့။ ယွီပင်လည်း ၀တ်ချင်တယ်တဲ့။"
"ငါ မပြောဘူးနော်။"
"လျှာမရှည်နဲ့ မင်းပဲ ခုနက အကျီင်္အရောင်လေးက မိုက်လို်က်တာဆို"
"မိုက်တယ်ပဲပြောတာ ။ ၀တ်ချင်တယ်လို့ မပါပါဘူး။"
"သြော် ယွီပင်ရယ်။ ကျန့်ကောရှေ့မှာ ဟန်ဆောင်စရာမလိုပါဘူး။ ကောက ငါတို့အတွက် အဖေဆိုလဲဟုတ်တယ်။ အမေဆိုလဲဟုတ်တယ်။ အစ်ကိုကြီး၊ သူငယ်ချင်း အားလုံးဟုတ်တယ်။ ငါတို့ကို သူကသိပ်ချစ်တာ အကျီင်္လေးလောက်က ဘာမှုမှာလဲ ။ အဲ့ဒါကြောင့် ရှက်မနေပါနဲ့။"
ဒီလောက်အပြောနဲ့ဆို ရိပေါ် ချုပ်နေပြီမှန်း သဘောပေါက်လိုက်ပြီး ယွီပင်ကတော့ ၀တ်ချင်တယ်ဟု သူ တကယ်မပြောခဲ့ကြောင်း ဖြေရှင်းချက်ပေးနေဆဲ။ နှစ်ကောင်လုံးကို ပခုံးကနေဖက်၍ ဆွဲခေါ်ကာ ထိုဆိုင်ထဲသို့ ၀င်ခဲ့ပြီးနောက် ရိပေါ်ပြသည့် အကျီင်္ ၃ထည် ၀ယ်လိုက်ချိန်မှာတော့ တအံ့တသြနဲ့ ကြည့်လာတဲ့ရိပေါ်။
ВЫ ЧИТАЕТЕ
Follow The Command - S4
ФанфикшнFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons
