FTC - 8 S4

1.2K 173 255
                                        

(Note - စာလုံးရေများပါသည်။ Loading error ကြောင့် စာပိုဒ်ထပ်နေတာ၊ စာပိုဒ်ပျက်နေသလို ဖြစ်တတ်ပါသည်။ Refresh လေး စိတ်ရှည်ရှည်လုပ်ပေးရင်း ဖတ်ပါ။)

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

နေမြင့်လာသည်နှင့်အမျှ တောထဲသွားလာရခြင်းက ပိုပင်ပန်းလာပြီး နဖူးကချွေး ခြေမတင်မကတော့ပဲ မြေကြီးပေါ် တောက်တောက်ကျနေပေမယ့် မရပ်ရဲ။ ဆက်တိုက် အင်တိုက်အားတိုက်လျှောက်ပြီးရင် ထိုင်နားသည့် စနစ်အစား ထိုင်နားမည့်အချိန်တွေမှာ ခပ်ဖြေးဖြေး လမ်း​လျှောက်စနစ်ကို ကျင့်သုံးလာခဲ့ရသည်။ နာရီနဲ့ချီပြီး ရှေ့ရောက်နေတဲ့ Miller တို့ဟု ယူဆရသည့်အဖွဲ့ကို မှီနိုင်ဖို့ ထိုင်နားနေလို့ မဖြစ်ချေ။ ကျန်းချန်နဲ့ဟိုက်ခွမ်းထဲက ဘာသံမှ မကြားရသော်လည်း ရိပေါ်ကတရှူးရှူးနဲ့ နှာမှုတ်သံတောင်ထွက်နေပြီး ဖြူလွန်းလှသည့် သူ့အသားအရည်မှာလဲ ရဲတွက်နေတာ ချွေးတွေက မြင်မကောင်းအောင် နင့်နေတော့ ရောက်ရာနေရာမှ ခဏရပ်လိုက်ပြီးနောက်

"ရိပေါ်"

"ဗျာ.."

"၃ မိနစ်လောက် နားချင်လား..."

အဖွဲ့ထဲ အငယ်ဆုံးဆိုသော်ငြား နှလုံးကြွက်သားယောင်ဖူးခဲ့ပြီး ဒီနှစ်တွေထဲ ထိခိုက်ဒဏ်ရာမျိုးစုံကြောင့် အစ်ကိုတွေလောက် ရိ​ပေါ် သက်လုံအားမကောင်းတာ အမှန်ပင်။ ဟိုက်နေအောင် မောလွန်းနေလို့ ကောရဲ့မေးခွန်းနောက် ခဏလောက် ထိုင်နားချင်သော်လည်း Miller တို့ကို တွေးမိတော့ ခေါင်းက အလိုအလျောက်ခါမိသွားသည်။

"မနားတော့ပါဘူး ကျန့်ကော။ ရပါတယ်။"

ကောကတော့ ဘာမှထပ်မပြောလာပဲ သက်ပြင်းသဲ့သဲ့သာ ချလိုက်ပြီးနောက်..။

"၅ မိနစ်နားမယ်။ "

နားမလားမေးတုန်းက ခေါင်းခါခဲ့တဲ့ ကောင်လေးက အခုတော့ ဘုတ်ခနဲထိုင်ချရုံတင်မက အားပါးတရ ခြေဆန့်လက်ဆန့် ပစ်လှဲချလိုက်ရှာသည်။ မြေကြီးပေါ် ဒီတိုင်းလှဲနေတဲ့ ရိပေါ်ခေါင်းကို မ ယူလိုက်တဲ့ ဟိုက်ခွမ်းက သူ့ ခြေတဖက် ဆန့်ထုတ်ကာတင်စေပြီး ရိပေါ်ခြေထောက်ပေါ်ကိုမှ လပ်ကီးက ခေါင်းတင်ထားကာ မျက်လုံးမှိတ်ထားသည်။

Follow The Command - S4Nơi câu chuyện tồn tại. Hãy khám phá bây giờ