The Alien - 1 (FTC special episode)

1.7K 208 264
                                        


အချိန်အားဖြင့် မနက် ၅နာရီခွဲခန့် မနက်ပိုင်းလေ့ကျင့်ခန်းလာလုပ်သူများ အနည်းငယ် ရှိနေပြီဖြစ်တဲ့ ကန်ရဲ့ပတ်လမ်းပေါ် ခပ်မြန်မြန် လမ်းလျှောက်နေသူ နှစ်ဦး။ သူတို့ရဲ့ ရှေ့ ခပ်လှမ်းလှမ်းမှာတော့ လူငယ်ခြောက်ယောက်နှင့် ခွေးလေးတစ်ကောင် ရှိနေသည်။ ငြင်းခုန်အပြေးပြိုင်နေသော်လည်း ခြေလှမ်းတို့ကား မသယ်နိုင်လောက်အောင် အမောစိုက်နေကြသည်။

"ငါ့အကျီင်္ကို မဆွဲထားနဲ့လေ မောပါတယ်ဆိုမှ မင်းဆွဲထားတော့ နှစ်ယောက်စာ ရုန်းနေရသလိုပဲ။"

"ငါ နေကောင်းလာတာနဲ့ Miller တို့များ အပြောင်းအလဲမြန်...."

Miller က သူ့အကျီင်္စကို ဆွဲထားသည့် Wayne လက်ကို ဖြုတ်ချကာ ခပ်ဆတ်ဆတ်အော်သည်။ ထိုလေသံအတိုင်း ပြန်အော်လိုက်သည့် Wayne က Miller အနားမှာခွာကာ ကျန်သူတွေထံ လှမ်းဆွဲမည်အပြုမှာ တစ်ဦးနဲ့တစ်ဦး အချက်ပေးကာ ခြေကုန်သုတ်ပြေးကြသည့် လူငယ်တစ်သိုက်နှင့် ဟောင်ပြေး ပြေးသည့် ခွေးတစ်ကောင်ကြောင့်....

"ဟေ့ကောင်တွေ!!! လပ်ကီး!! အေး မင်းတို့မှတ်ထားနော်...။"

ရယ်သံမျိုးစုံနှင့် အရှေ့ကို ပြေးထွက်သွားကြသည့် ရိပေါ်၊ ဟောက်ရွှမ်း၊ ယွီပင်၊ Ray တို့နောက် ထပ်ကြပ်မကွာ ပြေးလိုက်သွားသည့် Miller ကိုကြည့်ပြီး ကုန်းအော်ထည့်လိုက်သည့် Wayne အသံကြားတော့ ကျွန်တော်နှင့် Andy ပါ လိုက်ရယ်မိတော့သည်။ လှည့်ကြည့်လိုက်သည့် အနောက်ဘက်ဆီမှာ ချွေးသီးချွေးပေါက်ကျအောင် ပြေးလုနီးပါး လျှောက်နေသည့် ကျန်းချန်နှင့် နံဘေးနား ကပ်လိုက်ကာ ရှိနေပေးသည့် ဟိုက်ခွမ်းထံမှ အကြည့်ခွာလိုက်စဉ်မှာပင်...

"ဆရာရှောင်း...မနက်စာ ဘယ်မှာစားကြမလဲ။ အိမ်မှာလား "

"ဘယ်နေရာဖြစ်ဖြစ် ကျွန်တော်ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အိမ်မှာဆို ခင်ဗျားစီစဉ်နေရမှာပေါ့။ ပင်ပန်းပါတယ် ဆိုင်မှာပဲ သွားစားရအောင်။"

"ဒီကအစားအစာတွေကို သိပ်မကြိုက်လှဘူး မဟုတ်လား။ ဆိုင်ချက်ဆိုတာလဲ အိမ်မှာချက်တာနဲ့မှာ အရသာ မတူတာ။ "

မောဟိုက်သံကြီးနဲ့အတူ ရေတငုံမော့သောက်ရင်း ပြောလာသည့် Andy စကားအပေါ်တော့ မှတ်ချက်မပေးမိ။ တကယ်ပင် ဒီကအစားအစာတွေအပေါ် သိပ်ကြိုက်လှခြင်း မ၇ှိသောကြောင့်ပင်။ နေ့စဉ်နေ့တိုင်း ချက်စားဖို့ရာလဲ အရင်လို ကိုယ့်လူစုတွေပဲ မဟုတ်လေတော့ အလုပ်များလာသည့်အပြင် ဌာနချုပ်ကိုပါ အချိန်မှီ အလုပ်ဝင်ရသည်မို့ အပြင်မှာ စားဖြစ်သည်သာ များသည်။

Follow The Command - S4Where stories live. Discover now