FTC - 14 S4

1K 171 319
                                        

နေရောင်ဖြာမကျသေးသည့် မိုးလင်းစပြုသည့်အချိန် ခုတ်မောင်းနေရာတစ်လျှောက် မျက်စိတဆုံးအထိ ရေပြာပြာလေးတွေသာ မြင်နေရသည့် အပြောကျယ်​သော ပင်လယ်ပြင်ကိုငေးကာ Wayne ပေးထားရာ ရာဘာဘောလုံးလေးကို ဆုပ်ကိုင်ညှစ်ရင်း ဟောက်ရွှမ်းပြောသွားသည့် စကားလုံးတွေက နားထဲတစ်ဝဲလည်လည်။ ရေတပ်ဌာနချုပ်ထဲအထိ စက်ပစ္စည်းလာထားဖို့ဆိုသည်မှာ အဆင့်ဆင့်ဖြတ်ကျော်ရသည့် လုံခြုံရေးကြောင့် မဖြစ်နိုင်ပေ။

ဒါဆို လူပုဂ္ဂိုလ်များလား။ လူဆိုရင်ရော ဘယ်သူဖြစ်နိုင်သလဲဆိုသည့် မေးခွန်းကို ဆရာရှောင်းနှင့် မနေ့ညက အတော်ညည့်နက်သည်အထိ အတန်ကြာ ဆွေးနွေးခဲ့သည့်တိုင်အောင် အကုန်လုံးက သံသယ၀င်စရာကောင်းသလို၊ ယုံကြည်စရာလည်း ကောင်းပြန်တော့ အဖြေကား မထွက်ခဲ့။ အတွေးလွန်နေတော့ နံဘေးနား လှုပ်ရှားနေတဲ့ တပ်သားလေးတွေရဲ့လှုပ်ရှားမှာကိုတောင် Andy သတိမမူမိခဲ့မိ​​ပေ။ အနားမှာအသာလာရပ်ကာ ခပ်တိုးတိုးခေါ်လာသည့် အသံကြားမှသာ အတွေးတွေထဲက ရုန်းထွက်၍ မော့်ကြည့်မိတော့သည်။

"အင်း Ray ပြောလေ.."

"ကပ္ပတိန် နေရောကောင်းရဲ့လား။ တနေရာရာမှာများ မအီမသာ ဖြစ်နေလား။"

"မဖြစ်ပါဘူး ဘာဖြစ်လို့လဲ"

"Bridge ထဲရောက်လာပြီးကတည်းက စကားတခွန်းမှ မပြောပဲ ထိုင်နေလို့။ Ricky လာသွားပြီး မနက်စာပေးရင်း စကားပြောတာလဲ ကပ္ပတိန် ပြန်မဖြေဘူး။ ယွီပင် ဆေးလာပေးတော့လဲ ပြန်မဖြေဘူး။"

"ဟုတ်လား။ ဆောရီး ငါ အတွေးများလွန်းနေလို့ ။ ပေးသွားတဲ့ ဆေးနဲ့မနက်စာ ပေး။"

ပေးဆိုပြီးတောင်းလိုက်သည့် အရာနှစ်ခုက မိမိ​ရှေ့က ခုံလေးပေါ်၌သာ ရှိနေသည်။ ဒါကို သတိမမူမိအောင်ကို စိတ်ထွေနေသည့် မိမိကို စိုးရိမ်အကြည့်တွေနဲ့ ၀ိုင်းကြည့်နေကြတဲ့ Ray တို့ တစ်သိုက်ကြောင့် ခပ်မြန်မြန် ပြုံးကာ မနက်စာပန်းကန်ကို လှမ်းယူလိုက်သည်။

"ငါ ဘာမှမဖြစ်ဘူးနော်။ နေကောင်းတယ် စိတ်မပူနဲ့။ လုပ်စရာရှိတာ လုပ်။"

"ဟုတ်ကဲ့.."

"မနက်စာစားတော့မှာ မဟုတ်လား ကပ္ပတိန်။ ကျွန်တော် လုပ်ပေးမယ်။ "

Follow The Command - S4Where stories live. Discover now