FTC - 6 S4

1.1K 184 160
                                    

ရေတပ်ဌာနချုပ်က ခမ်းနားလိမ့်မယ်ဟု ကြိုတင်တွက်ဆခဲ့သည့်အတိုင်း မျက်စိတဆုံးမော့ကြည့်ရသည့် အဆောက်အဦး၊ အ၀င်ဝမှာ ချထားသည့် စစ်ဆေးရာနေရာ၊ အတွင်းပိုင်းမှ ရုံးခန်းတွေနှင့် တပ်သားအသစ်များ စာသင်ရာနေရာတို့ရဲ့အလယ်ခေါင်မှာမှ မှန်အကြည်ကာရံထားသည့် ခန်းမတခု၊ ထိုခန်းမထဲမှာမှ နောက်ထပ် မှန်အကြည်ကာထာသည့် ထိန်းချုပ်သည့်နေရာ၊ ခမ်းနားလိုက်တာဆိုသည့် စကားလုံးပင် ထွက်မလာနိုင်တော့အောင်ကို ခမ်းနားလှသည်။

ဒေါက်တာဖြစ်လေသည့် ယွီပင်မှာ အထူးဆွေးနွေးခြင်းနှင့် မသက်ဆိုင်လေတော့ ထိန်းချုပ်ခန်းလေးထဲသို့ ၀င်ခွင့်မရတာကြောင့် လပ်ကီးနဲ့အတူ အပြင်မှာ ကျန်နေခဲ့ပြီးနောက် ​ရှောင်းကျန့်တို့ကတော့ အတွင်းပိုင်းသို့ ၀င်လာခဲ့သည်။ အထဲရောက်သည်နှင့် စောင့်ကြိုနေသည့် အကြီးပိုင်းအရာရှိများက မတ်ထပ်ရပ်ကာ နှုတ်ဆက်လာကြသည်။

"မနေ့ညက အိပ်ပျော်ရဲ့လား Master Chief..."

"ဟုတ်ကဲ့ ထိုက်သင့်သလောက် အိပ်ပျော်ခဲ့ပါတယ်။"

"ကျွန်တော်နဲ့ တခါမှမဆုံဖူးပေမယ့် Master တို့အကြောင်းနဲ့ စွမ်းဆောင်ရည်အပိုင်းကိုတော့ ရေတပ် စစ်ဦးစီးချုပ်ကနေ တဆင့်ရော၊ ကပ္ပတိန်မီလန်ထံကပါ အမြဲမပြတ်ကြားနေခဲ့ပြီးပါပြီ။ အခုက အချိန်ကောင်းမဟုတ်ပေမယ့် တွေ့ရတာ တကယ်ကိုဂုဏ်ယူပါတယ်။"

"ကျွန်တော်တို့လည်း ထပ်တူပါပဲ။ "

"ကပ္ပတိန်မီလန်က ပြောပြဖို့ ကျန်နေသေးတဲ့ ကိစ္စတခုနဲ့အတူ စစ်ဆင်ရေးသွားရင်း ပိတ်မိနေတဲ့ အဖွဲ့အတွက်ပါ ဦးဆောင်ဆွေးနွေးပါလိမ့်မယ်။"

"ဟုတ်ကဲ့"

"ကျွန်တော်တို့ စ ဆွေးနွေးရအောင် ဆရာရှောင်း။"

"ဒီည စစ်ဆင်ရေးစမယ်လို့ ကျွန်တော် ယူဆထားတယ် မီလန်။"

Miller တို့အတွက်ရော၊ Andy အတွက်ပါ တွေးပူနေတဲ့ မိမိက စပြီးဆွေးနွေးရအောင်လို့ ပြောလာသည့် အပေါ်မှာတောင် အလောကြီးစွာ အရင်မေးခွန်းထုတ်မိတော့ မီလန်က ခေါင်းကို ဖြည်းညင်းစွာ ခါပြလာသည်။

Follow The Command - S4Donde viven las historias. Descúbrelo ahora