"Miller နည်းနည်းလောက်ဖြစ်ဖြစ် စားပြီးမှ ပြန်အိပ်ပါလား။ ချွေးတွေလဲ ထွက်နေတယ် အကျီၤလဲရအောင် မဟုတ်ရင် ချွေးအအေးပတ်ပြီး ပိုဆိုးလိမ့်မယ်.."
".........."
"Miller အိပ်ပျော်နေလား..။ ဟိုက်ခွမ်းကော Miller အိပ်ပျော်နေတယ် ထင်တယ်"
"ဟုတ်လား ဒါဆိုလဲ ခဏစောင့်ကြည့်လိုက်ပါ။ သူ နိုးလာရင်တော့ နည်းနည်းဝင်အောင်ကျွေးရမယ် အစာမဝင်ရင် ပိုဆိုးလိမ့်မယ်။"
ဟောက်ရွှမ်းနှင့် ဟိုက်ခွမ်းကော ပြောသံကို အိပ်ပျော်နေတာမဟုတ်သည့် Miller ကောင်းကောင်းကြားနေရပြီး နဖူးကို စမ်းကြည့်လိုက် လက်မောင်းတစ်လျှောက် ဆုပ်နယ်ပေးနေသည့် အထိအတွေ့ကိုလဲ ကောင်းကောင်းသိနေသည့်တိုင် ထိုအကြား၊ အထိအတွေ့အကုန်လုံးကို လျစ်လျူရှုထားသည်။ ပေါက်ကွဲသံတချက်နဲ့အတူ ခန္ဓာကိုယ်ကြီး မြောက်တက်သွားကာ ပြန်ကျလာချိန် အသက်ပါ ပါမလာတော့သည့် Gator ရဲ့ ပုံရိပ်၊ ရှေ့မှ ပြေးနေရာက လျင်မြန်စွာ ရွေ့လျားနေသည့် အချက်ပေးအသံကြောင့် ပြန်လှည့်လာကာ ပေါက်ကွဲမှုကို ကျောပြင်ဖြင့် ခံပေးသွားသည့် Wayne သူတို့နှစ်ယောက်ရဲ့ ဖြစ်ရပ်ကိုသာ အထပ်ထပ် ပြန်မြင်ယောင်နေသည်။
ထိုအသိတို့နဲ့ကပ်လျက်မှာ ပျောက်ဆုံးချိန် နာရီနဲ့ချီနေပြီဖြစ်တဲ့ ကပ္ပတိန်ရဲ့ သတင်းဆိုးကိုလဲ ထပ်ထည့်ထားရသည့် ရင်ဘတ်ကြီးတခုလုံးက မွန်းကြပ်လို့နေသည်။ မိမိရဲ့တွဲဖက်အဖြစ် ဖြစ်လာတဲ့သူတိုင်းက အမြဲတမ်းအဖြစ်ဆိုးတွေနဲ့ ကြုံတော့မှာလား။ ထိန်းထားသည့် ကြားက အသံထွက်သွားလေလားမသိ ဟိုက်ခွမ်းကောရော ဟောက်ရွှမ်းပါ အနားကပ်လာကြသည်။
"နိုးနေပြီလား Miller ။ ခဏထထိုင်လိုက်ပါလား..။ထိုင်နိုင်ရဲ့လား.."
"............."
"ဒီလိုကြီး မနေပါနဲ့ကွာ"
အလဲလဲအကွဲကွဲကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေမှာ သေချာနေသည့် ကျန်သူတွေကြောင့် ပြန်မဖြေမိသော်လည်း၊ ထမထိုင်လိုက်သော်လည်း ဘေးစောင်းလှဲနေရာက ပက်လက်လှန်ချလိုက်တော့ စိုးရိမ်ပူပန်မှုအပြည့်နှင့် ငုံ့ကြည့်နေသည့် မျက်ဝန်းနှစ်စုံနဲ့ အရင်ဆုံသည်။ နှုတ်မှထုတ်ဖော်ပြောစရာ မလိုလောက်အောင် ခံစားချက်များပြည့်နှက်နေသည့် မျက်လုံးတွေအချင်းချင်း ဆုံလိုက်ကြပြီးနောက် မိမိပြောချင်နေတာကို ဟိုက်ခွမ်းကောက ရိပ်မိသည့်အလား ခေါင်းဖြည်းဖြည်းချင်းဆတ်ပြကာ နဖူးပေါ် ချွေးတွေနဲ့ စေးကပ်နေသည့် ဆံပင်စတွေကိုပါ ဖယ်ပေးလာရင်း ခပ်တိုးတိုးပြောလာသည်။
ESTÁS LEYENDO
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons
