FTC - 3 S4

1.3K 226 149
                                    

ရိုက်ကူးရေးကင်မရာတွေထဲ ပေါ်လာခဲ့သည့် တိုက်လေယာဉ်အချို့က တဖြည်းဖြည်း နီးကပ်လာသည့် အချိန်မှာပင် ထုတ်လွှင့်နေခဲ့သည့် တိုက်ရိုက်လိုင်းက ချက်ချင်းဆိုသလို ပိတ်ကျသွားခဲ့ရသည်။ ဒါဟာ ဂြိုလ်တု ဆစ်ဂနယ် ပျက်သွားခြင်း၊ တနည်းအားဖြင့် Cyber နှောင့်ယှက်ခံရခြင်းဟူသော လက္ခာဏာပင်။ သိသိသာသာဖြစ်ပေါ်လာသည့် စိုးရိမ်စိတ်ကြောင့် ထိုင်နေရာမှ ရုတ်တရက် မတ်တပ်ရပ်နေမိတာ တော်တော်ကြာသွားခဲ့သလို ထိုအနေအထားအတိုင်း တုတ်တုတ်မျှလည်း ရှောင်းကျန့် မလှုပ်မိသေး။

Signal Loss မဖြစ်မီ ခမ်းနားလှသည့် ရေကြောင်းဂုဏ်ပြုပွဲတခု၊ ပြည်သူတွေ အများကြီး ရှိနေရာနေရာ၊ ကလေးလူကြီး အသက်အရွယ်ကြီးရင့်သူတွေပါ ရှိနေသည့်ရော၊ ဆိပ်ကမ်းမှာရပ်နားကာ ပြည်သူတွေကို ပြသထားသည့် ရေယာဉ်အုပ်၊ သဘောင်္သား အသစ်စက်လေးပေါင်း မြောက်မြားစွာနှင့်အတူ Andy အပါအ၀င် ကျန် ရေတပ်သားများကို မြင်ယောင်နေမိရင်း Signal Loss ဖြစ်သွားပြီးသည့် နောက်ကွယ်မှာ သူတို့တွေထံ ဘာတွေဖြစ်ပျက်နေပြီလဲဆိုတာ တွေးတောင်မတွေးကြည့်ရဲပေ။

ယခုအချိန် ဖုန်းခေါ်ရင် မကိုင်မှာ ​သေချာသလောက်၇ှိပေမယ့် နောက်ဆုံးကောက်ရိုးမျှင်အနေနဲ့ ဒီတနည်းသာ ရှိနေတာကြောင့် လက်ကိုင်ဖုန်းကို လိုက်ရှာနေမိတော့ ရိပေါ်က အရိပ်အကဲသိစွာပင် ထမင်းစားပွဲပေါ် တင်ထားသည့် ဖုန်းလေးအား ပြေးယူပေးခဲ့သည်။ Andy ဆီသို့ ဖုန်းခေါ်သော်လည်း ဘာသံမှကို မကြားရသည်မို့ ဒါဟာ ကျိန်းသေပေါက် Cyber attack ပင်။ ကျန်လူတွေမှာလဲ စိတ်လှုပ်ရှားခြင်း ကြီးစွာဖြင့် မိမိထံမှ တစုံတရာ ကြားရနိုးဖြင့် ၀ိုင်းကြည့်နေကြပေမဲ့ ကိုယ်တိုင်တောင် ဘာမှမသိသူမို့ ဘာမှလဲမပြောပြနိုင်ပေ။

"ရှောင်းကျန့် အဆက်အသွယ်မရဘူးလား"

"ဖုန်းမ၀င်ဘူး။ အဲ့ဒီမှာ တခုခုတော့ ဖြစ်နေပြီ"

"ဒါမှမဟုတ် ငါတို့ အစိုးရိမ်လွန်တာရော မဖြစ်နိုင်ဘူးလား။ သူတို့ တိုက်လေယာဉ်တွေလဲ ဖြစ်နိုင်တာပဲလေ။"

"ဟင့်အင်း အလှပြ တိုက်လေယာဉ်က ပွဲစကတည်းက ၁၀ စင်းနီးပါးပဲရှိတာ။ အဲ့ဒီ ၁၀ စင်းက မြေပြင်ပေါ်ပြန်ဆင်းသွားပြီး ငါတို့မြင်လိုက်ရတဲ့ တိုက်လေယာဉ်တွေ ၀င်လာတာပဲ။ သူတို့တွေက အဝေးကြီးကနေ ပျံလာခဲ့တာ ဟိုက်ခွမ်း၊ နိုင်ငံတနိုင်ငံရဲ့ လေပိုင်နက်ထဲကို ဒီလိုဝင်လာနိုင်တယ်ဆိုကတည်းက ဒါဟာ cyber ကျိုးပေါက်မှုပဲ။ ငါ အရမ်းစိုးရိမ်နေပြီ။ ဌာနချုပ်ကို ခဏသွားဦးမယ်။ မင်းတို့ ခဏနေခဲ့။ တခုခု သိရရင် ငါ ဖုန်းဆက်လိုက်မယ်။ ရိပေါ် လိုက်မလား"?

Follow The Command - S4Where stories live. Discover now