FTC - 29 S4

772 148 152
                                        

Somewhere in Florida

ကားတစ်စီးနှင့် တိုက်မိသွားခဲ့ပြီးနောက် ထိုကားက ဆေးရုံပို့ပေးတာတောင် အတင်းပြန်ဆင်းခဲ့ကာ ဖလော်ရီဒါထဲ ပြန်ဝင်လာခဲ့ပြီး နှစ်ဦးထဲသာသိသည့် အိမ်လေးမှာ ပြန်နေခဲ့သည်။ စိတ်မလုံခြုံမှုကြောင့် ပြတင်းပေါက်မှန်သမျှ သတင်းစာစက္ကူတွေဖြင့် လိုက်ကပ်နေခိုက် တံခါးဝနားကပ်လာသည့် တိုးသဲ့သော ခြေသံတခု။

ဝက်အူလှည့်တစ်ချောင်းကိုင်ဆောင်ကာ အခန်းဝနား ကပ်ခဲ့ပြီး စက္ကူစလေးကို လှပ်ကြည့်လိုက်ပြီးတဲ့နောက် သူမ မျက်နှာပေါ် အပြုံးတပွင့် ပေါ်လာခဲ့သည်။ အိမ်လေးထဲ လှမ်းဝင်လာသည့် ယောက်ကျားတစ်ယောက်ကို သူမ ပြေးဖက်ထားပြီး အနမ်းခြွေကြပြီးနောက်မှာတော့ ထိုလူက သူမ ပါးပြင်လေးကို ပွတ်သတ်လာသည်။

"ဘေဘီ ကိုယ် မင်းကို လွမ်းနေတာ။ မင်းရဲ့အငွေ့အသက်၊ အပြုံးတွေ ကိုယ်လွမ်းနေတာ."

ဟု ဆိုကာ ထပ်မံ နမ်းရှုံ့လာသည်။ ခဏမျှ သူမ ကြည်နူးပေမယ့် ခဏအကြာမှာတော့ တွန်းထုတ်လိုက်ကာ

"ရှင် ဘယ်တွေရောက်နေတာလဲ။ ကျွန်မကို ရေတပ်က မြေလှန်လိုက်ရှာနေတာ အခုဆို ကျွန်မ အပြင်ကို လုံးဝမထွက်ရဲတော့ဘူး။ အိမ်ထဲမှာလဲ မီးတောင် မဖွင့်ရဲဘူး။ "

"ကိုယ်လာချင်နေတာ အရမ်းပါပဲကွာ ဒါပေမဲ့.."

"ဟင့်အင်း ဖြေရှင်းချက်တွေ မလိုချင်တော့ဘူး။ ကျွန်မတို့ ကိုလံဘီယာသွားရအောင်။ အဲ့ဒီမှာ အတူတူနေကြမယ်..နော်..။"

"ပြန်ရမှာပေါ့ ကိုယ်တို့တွေ ပြန်ရမှာပါ။ မပြန်ခင် Tarvo ခိုင်းလိုက်တဲ့ ကိစ္စတခုရှိတယ်။ အဲ့ဒါကို မင်းနဲ့အတူတူ တွဲလုပ်ဖို့ သူမှာလိုက်တယ်။"

"Tarvo ခိုင်းလိုက်တာ ဟုတ်လား။ Tarvo က ကျွန်မကို သိတယ်ပေါ့။"

"သိတာပေါ့။ မင်းက ကိစ္စကြီး တခုကို လုပ်ခဲ့တာလေ။ အမေရိကန် ရေတပ်တခုလုံးကို မွှေနှောက်ခဲ့တာ။"

လူတွေကြားထဲ အမှိုက်တစနှယ် ရှင်သန်ခဲ့ရသည့် Claria အဖို့ ထိုသို့သော စကားလုံးများက ပီတိကို မိုးထိတက်စေသည်။ သို့သော် သူမရဲ့ အပျော်လေးများက ရေရှည်မခံလိုက်။ နောက်ထပ်ဝင်လာသည့် လူ ၆ ယောက်ကို လိုက်ကြည့်နေမိသည့်အခါ ထိုလူကတော့ သူမခေါင်းလေးကို ပွတ်သပ်လာသည်။

Follow The Command - S4Место, где живут истории. Откройте их для себя