ဌာနချုပ်ထဲ ရောက်လာသည်နှင့်တပြိုင်နက် ပင်မဌာနချုပ်ရှိရာသို့ Andy နှင့်အတူ တန်းသွားခဲ့ပြီးနောက် မကြာမီရောက်လာသည့် သမ္မတကြီးအပါအဝင် စစ်ဦးစီးချုပ်နှင့် မီလန် စုစု ပေါင်းငါးယောက်ပါဝင်သည့် ဆွေးနွေးပွဲလေးက ရန်သူ့ဗိုလ်လက်ထဲက ရလာသည့်ဖိုင်ကို အလယ်မှာချ၍စတင်ခဲ့သည်။ ထို့နောက် Andy ကscreen ပေါ်မှာပေါ်လာသည့် လူတစ်ယောက် ရဲ့ပုံကို ညွှန်ပြလာခဲ့ပြီးနောက်
"Dr. Montarno, Tarvo ရဲ့ ဗျူဟာမှုးဆိုလဲဟုတ်တယ်။ ရန်သူ့ဗိုလ်ဆီက ဆရာရှောင်း ရလာတဲ့ File ကို ဆွဲပေးခဲ့တာ သူပဲ။ အခု Montarno က ဂျမေကာကို ရောက်နေတယ်လို့ ကျွန်တော်တို့ မဟာမိတ်က သတင်းပေးလာတယ်။"
"အင်း ဒါပေမဲ့ ဘာလို့ ဂျမေကာလဲ။ သူတို့က စစ်ပွဲစကတည်းက ဘယ်ဘက်ကိုမှမပါခဲ့ ဘူးလေ။"
"ကျွန်တော်ထင်တာတော့ Tarvo က ဒီ File ပေါ်ပါ အစီအစဉ်တွေကိုပြပြီး စည်းရုံးဖို့ Montarno ကို စေလွှတ်တယ်လို့ ထင်ပါတယ် သမ္မတကြီး။ လာဆွေးနွေးတာလဲ ဖြစ်နိုင်ပါတယ်။"
"အင်း.."
"ဟိုအရင် ဆွေးနွေးပွဲတခုမှာ Montarno ကို တွေ့ဖူးတယ်။ တကယ်တော်တဲ့ ဗျူဟာ ပညာရှင်တစ်ယောက်ပါ။ သူရေးဆွဲထားတဲ့ ဒီ File ကိုသာ ဆရာရှောင်းယူမလာဖြစ်ခဲ့ရင် အခုဆို ကျွန်တော်တို့ လုံးဝရှုံးနိမ့်နေလောက်ပြီ။ အဲ့ဒီအတွက် ကျေးဇူးပါ ဆရာရှောင်း"
ငြိမ်၍ နားထောင်နေရာက ရုတ်တရက် ကျေးဇူးတင်စကားပြောလာသည့် Andy နှင့် ခေါင်းညိတ်ကာ အသိအမှတ်ပြုလာသည့်သမ္မတကြီးကြောင့် အပြေးအလွှား ခေါင်းပြန်ညိတ်ပြ ကာ ရပါတယ်ဟူသော စကားလုံးကိုပြောပြီးနောက် ဆက်ဆွေးနွေးနေကြသည့် သူတို့စကားလုံး တွေကို နားထောင်နေလိုက်သည်။
"အဲ့ဒီတော့ Andy မင်း အနေနဲ့ ဘယ်လိုထင်လဲ။"
"ဒီ သရေကျနေတဲ့ပွဲကို နိုင်ဖို့အတွက်ဆို Montarno က အဓိကသော့ချက်ပါ သမ္မတ ကြီး။ Montarno ကို ဂျမေကာကနေ ခေါ်ထုတ်လာနိုင်မယ့် အဖွဲ့တစ်ဖွဲ့ ဖွဲ့ရမယ်။ Alpha Team တခုတည်း မရဘူး။ သူ ဘာတွေသိထားလဲ ရှာရမယ်။ "
"အဖွဲ့ဖွဲ့ဖို့ လူစရွေးမလား။"
"ဆရာရှောင်းတို့အပြင် ကျွန်တော်ကိုယ်တိုင် ဦးဆောင်မှာပါ။ သူနဲ့တွေ့ထားဖူးတယ်ဆို တော့ စကားပြောသင့်ပြောရမယ်။"
![](https://img.wattpad.com/cover/252737085-288-k420969.jpg)
YOU ARE READING
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons