FTC - 23 S4

906 154 260
                                        

ဆရာရှောင်းတို့ ထွက်သွားတာ အတော်လေးကြာမြင့်နေပြီပေမယ့် စောင့်နေရုံကလွဲလို့ တခြားမရှိ။ ရတချက်မရတချက် ဆက်သွယ်ရေးစက်က အခုတော့ လုံးဝဆက်သွယ်လို့မရ တဂျစ် ဂျစ်အသံသာ ထွက်နေခဲ့သည်။ Monterno နံဘေးမှာ သေနတ်ဖြင့်ချိန်၍ တချက်မှမလှုပ်သည့် ဟောက်ရွှမ်းကို ထိုင်နားရန်အချက်ပြလိုက်သလို မြေအောက်လှေကားနား ထိုင်နေသည့် Wayne ထံသို့ပါ လှမ်းကြည့်၍ မေးရသေးသည်။

"Wayne လည်ပင်းကအဆင်ပြေရဲ့လား။ မခံနိုင်ရင်ပြော တောင့်ခံမထားနဲ့။ ဆရာ ရှောင်းတို့ ပြန်လာရင်ကမ်းစပ်ဆင်းဖို့ အားအင်ချန်ထားရဦးမယ်။"

"နာနေပေမယ့် မခံမရပ်နိုင်အောင် မဟုတ်ပါဘူး ကပ္ပတိန်။"

"အင်း..."

"အခုလောက်ဆို ဆရာရှောင်းတို့ပြန်လာသင့်နေပြီ မဟုတ်ဘူးလားကပ္ပတိန်။ လိုက် သွားကြရအောင် မကြာခင်နေထွက်တော့မယ် ။ နေထွက်လာရင် ကျွန်တော်တို့အတွက် ပိုခက်ခဲ လာတော့မှာ ။ "

"ဒါပေမဲ့ ငါတို့လိုက်လာမှာကို ဆရာရှောင်းတို့ မသိထားဘူး"

"ကမ်းခြေဘက်ဆင်းမှာပဲ အဲ့ဒီအတိုင်းသွားလို့ရပါတယ် ကပ္ပတိန် "

"ခဏစောင့်ကြည့်ဦးမယ်"

ခပ်ဝေးဝေးဆီက အုန်းခနဲအသံနောက်မှာ ရုတ်တရက် ဖွားခနဲကျလာသည့် အမှုန်တွေ ကို လွတ်အောင်မရှောင်နိုင်တော့ မျက်လုံးထဲဝင်သွားကာ အတင်းပွတ်သုတ်နေစဉ် Monterno မှာလဲ ပါးစပ်ထဲဝင်သွားဟန်တူသည်။ ချောင်းတဟွတ်ဟွတ်ဆိုးလာကာ အနားရှိ ရမ်ပုလင်းကိုဆွဲ ယူ၍ မော့သောက်လိုက်သည်။

"ငါ ဘယ်တုန်းကမှ ရမ်မသောက်ခဲ့ဘူး အရသာမကြိုက်လို့။ အခုတော့ ဒါသောက်မှ ငါ သက်သာသလိုလိုရှိတယ်။"

မျက်တွင်းတွေပါညိုကျလာကာ ဖြူဆုတ်နေသည့် Monterno အခြေအနေက စိတ် ဆောင်ထား၍သာ လှုပ်ရှားနေနိုင်နေသည့် အနေအထားမှာရှိနေသည်။ ထို့ကြောင့် ရေပါကမ်း ပေးလိုက်ပြီးနောက်

"ကျုပ်တို့မကြာခင် ဒီကနေသွားရတော့မယ်။ ခင်ဗျားဘယ်လိုနေလဲ"

"ငြီးငွေ့နေတယ်"

"ဘာကိုလဲ"

"စစ်ပွဲတွေကို စစ်ပွဲတွေထဲ သတ်ဖြတ်မှုတွေ၊ ပြေးလွှားပုန်းရှောင်နေရတာတွေကို ငြီးငွေ့ နေပြီ။"

Follow The Command - S4Tempat cerita menjadi hidup. Temukan sekarang