FTC - 28 S4

890 161 150
                                        

ရက်သတ္တပတ် တစ်ပတ်နီးပါး ကြာမြင့်လာချိန်မှာတော့ ဗိုက်ရာဒဏ်ရာ တော်တော်ကြီးသက်သာသွားပြီး အဖျားလဲ ကျသွားခဲ့ပြီး လူကတော့ အားမရှိသလို အနည်းငယ်တော့ ခံစားနေရဆဲ။ မိုးစင်စင်လင်းနေပြီမို့ အိပ်စင်ပေါ်က ဆင်းရန်တဖက်သို့ လှည့်လိုက်ချိန် ရပ်နေသည့် အရိပ်တခုကြောင့် ကလီစာတွေပြုတ်ကျလုမတတ်ပင်။

"လန့်လိုက်တာကွာ.."

"ကျန့်ကောက ဘာတွေတွေးနေလို့ လန့်ရတာလဲ။"

"မင်းက အသံမပေးပဲ တောင့်တောင့်ကြီး ရပ်နေတာကိုး။"

"အော် ကောရေ ကျွန်တော်အနောက်မှာ ရှိပါတယ်လို့ ပြောနေရမှာလား။"

"နားငြီးတယ်ကွာ၊ ဒီအချိန်ဆို အခန်းထဲ ဘယ်တော့မှမရှိတဲ့ မင်းက ဘာကိစ္စနဲ့ရှိနေတာတုန်း"

သူရပ်နေတာကို လန့်သည်ပြောလို့ မကျေမနပ် ရှူတည်တည်နှင့် ပြန်မေးလာသည့် ရိပေါ်ကို ပြန်ဖြေကာ အိပ်စင်ပေါ်မှ ဆင်းလိုက်သည်။ ရိပေါ်ကတော့ မိမိရှေ့ပိတ်ရပ်ကာ နဖူးကို စမ်းကြည့်လာပြီး သူ့ကိုယ်သူလဲ ပြန်စမ်းကြည့်နေသည်။

"ကိုယ်တော့မပူတော့ဘူးပဲ။ "

"ကိုယ်မပူတော့တာ ၄ရက်လောက်ရှိပြီ။ မင်းက အပိုတွေလုပ်လုပ်ပြီး ပြောနေတာ ငါ့မှာလူမမာကြီးလိုပဲ။"

"ကိုယ်ပူတက်လာမှာ စိုးလို့လေ ဒီကို ပြန်ရောက်လာတုန်းက လူမှန်းမသိအောင် ဖျားနေခဲ့လို့ ကျွန်တော်က စိုးရိမ်လို့ကို။ အခန်းထဲအရင်က မရှိပေမယ့် ဒီတပတ်အတွင်းတော့ ရှိနေတာ ကျန့်ကောကို စိုးရိမ်လို့ပေါ့။ အိပ်ရာနိုးချိန် နေလို့ရော ကောင်းရဲ့လား။ ဒဏ်ရာကတော့ အရမ်းများ နာနေမလားလို့ တွေးနေမိလို့။"

မသိမသာလေး ထော်နေတဲ့နှုတ်ခမ်းနဲ့ စူပုတ်ပုတ်ပြောနေပေမယ့် စိတ်မချသည့် အရိပ်အယောင်တွေ ပြည့်နှက်နေသည့် ရိပေါ်ခေါင်းကို တချက်ပုတ်လိုက်သည်။

"ဌက်ဖျားအခံကြောင့် ကိုယ်ပူအရမ်းတက်တာပါကွာ။ ဌက်ဖျားကသိတဲ့အတိုင်း ဖြစ်ရင်လဲ လူမှန်းမသိအောင်၊ ကျရင်လဲ သူမဟုတ်ခဲ့သလိုမျိးဆိုတော့။ ဒဏ်ရာကလဲ မနာတောင်မနာတော့ဘူး မပူနဲ့။"

Follow The Command - S4Tempat cerita menjadi hidup. Temukan sekarang