Claria ဆိုသူဧ။်မှတ်တမ်းနှင့် သူ့အစ်မဧ။်ထွက်ဆိုချက်ကို သေချာစိစစ်ဖို့ရာ စစ်သဘောၤဆီမှ ရေတပ်ဌာနချုပ်သို့ ဟောက်ရွှမ်း ပြန်လာခဲ့သည်။ 3 နာရီခွဲခန့်သာ ကြာမြင့်သည်ဖြစ်လို့ ခဏလေးအတွင်းမှာပင် ပြန်ရောက်လာသလိုလို ခံစားချက်မျိုး၊ စစ်ဆင်ရေး သွားနေပြီဖြစ်တဲ့ ရိပေါ်တို့တွေကို စိတ်ပူသော်လည်း လက်ရှိ အနေအထားအရ တာဝန်ကျရာ နေရာမှာ ရေတပ်ဌာနချုပ်ရဲ့ နာဆာဟု နာမည်ပေးထားသည့် လျို့ဝှက်ခန်းလေးထဲပင် ဖြစ်သည်။ ရောက်ရှိလာသည့် ပထမရက်နှင့် ဒုတိယရက်နေ့တပိုင်း အထိတော့ ထိုအထဲ ဝင်ခွင့်မရသေး။ အခုတော့ သမ္မတကိုယ်တိုင် လာရောက် ခွင့်ပြုပေးပြီမို့ ဝင်ခွင့်ရခဲ့ပြီဖြစ်သည်။
ပြင်ပဘက်ဆီမှာ လိုအပ်သည့် မှတ်တမ်း ထွက်ဆိုချက်များကို အသေးစိတ်လိုက်လံ ကြည့်ရှုနေရင်း လုံခြုံရေးတံခါးအနီးသို့ တရွေ့ရွေ့ ကပ်လာသည့် လူတစ်ယောက်ကို တွေ့လိုက်ရပြီးနောက် ကိုယ့်မျက်လုံးတောင် ကိုယ်မယုံချင်တော့ပေ။
"Claria"
ပြသာနာစဖြစ်ပွားစဉ်ကာလကတည်းက ယနေ့တိုင် ဖမ်းလို့မမိသေးသည့် Claria မှာ ယခုတော့ လုံခြုံရေးတံခါးအနီးသို့ ကိုယ်တိုင်ရောက်ရှိလာသည်။ တံခါးမှ တာဝန်ကျသူတွေမှာလဲ အတွင်းပိုင်းမှာ ကပ်ထားသည့် Wanted စာရင်းဝင်မှန်း သိလိုက်ချိန်မှာတော့ လက်နက်ဖြင့် ချိန်ရွယ်ကာ အတွင်းဘက်ဆီသို့ အကြောင်းကြားလာတော့သည်။ ဖူးယောင်နေသည့် မျက်နှာနှင့် ရက်ပေါင်းများစွာ မအိပ်ရသေးသည့်အလား မျက်တွင်းက နှိုက်ထုတ်လို့ ရနေသည့်အပြင် ကြောင်စီစီအနေအထားနဲ့ Claria သွင်ပြင်ကို မှင်သက်စွာ ကြည့်နေခိုက်မှာပင် လုံခြုံရေးဖြင့် စစ်ဦးစီးချုပ်က လာရောက်ခေါ်ဆောင် သွားခဲ့သည်။
သူမ ဝင်သွားပြီး မိနစ်အနည်းငယ်ခန့်မှာပင် ထို အခန်းထဲမှ စစ်ဦးစီးချုပ်ပြန်ထွက်လာကာ အနီးရှိ တပ်သားထံ စားစရာတခုခုဝယ်ပေးရန် ပြောလာခဲ့သည်။ ဝယ်ယူလာသည့် ဟမ်ဘာဂါလေး အထဲသို့ ပို့ပြီး ခဏအကြာမှာတော့ သုတ်သီးသုတ်ပြာဖြင့် ပြန်ထွက်လာသည့် စစ်ဦးစီးချုပ်က ....
"ဆေးရုံကား ခေါ်ပေး..မြန်မြန်!!.."
ဟူ အော်လာပြီး ပွင့်လာသည့် တံခါးချပ်နောက်မှာတော့ အတွင်းအခန်းထဲ ပါးစပ်မှ အမြုပ်များထွက်ကာ ဆန့်ငင်ဆန့်ငင်ဖြစ်နေသည့် Claria။ သူမကို ဝိုင်းဖိပေးထားသည့် လူတချို့နှင့် ခဏအကြာမှာတော့ အပြေးအလွှားရောက်ရှိလာသည့် ဆေးအမှုထမ်းတွေကို လိုက်ကြည့်နေမိခိုက်မှာပင်..
ВЫ ЧИТАЕТЕ
Follow The Command - S4
ФанфикшнFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons
