ခပ်တိုးတိုးစကားသံတခုက နားထဲသို့ဝင်လာခဲ့ချိန် မျက်လုံးတွေ ဖျတ်ခနဲဖွင့်လိုက်တော့ အခန်းနံရံတခုနှင့် မှောင်နေသည့်အခန်းလေးက ဆီးကြိုလာသည်။ အိမ်မက်များလားဟု တွေးမိ လိုက်ပေမယ့် ထိုခပ်တိုးတိုးစကားသံက အခုထိမပျောက်သေး။ လှဲနေရာအိပ်စင်လေးပေါ်ထ ထိုင်ကာ အသံလာရာရှာဖွေလိုက်တော့ ရိပေါ်ထံမှထွက်လာခြင်းပင်။ အိမ်မက်မက်ရင်း ယောင် နေသည်မို့ လှုပ်နှိုးရန်ပခုံးကိုကိုင်လိုက်လိုက်သည်နှင့် စိုနေသည့်အထိအတွေ့ကို ခံစားလိုက်ရ သည်။
"ရိပေါ်..အိမ်မက်ဆိုးတွေ မက်နေတာလား။"
ပခုံးကိုတချက်လှုပ်နှိုးရင်း အနီးကပ်ငုံ့လိုက်ချိန်မှာတော့ ရိပေါ် ယောင်နေသည့် စကား လုံးတွေကို ရှောင်းကျန့် ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်ရသည်။ ထို့ကြောင့် အခန်းမီးပြေး ဖွင့်လိုက်ပြီးတဲ့နောက် နံရံဘက်ဆီသို့မျက်နှာမူကာ ကွေးကွေးလေးအိပ်၍ တစ်ကိုယ်လုံးချွေးတွေ နင့်နေသည့် ရိပေါ်က လက်သီးနှစ်ဖက်ကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
"ရိပေါ်...ထ....ရိပေါ်...အိမ်မက်တွေ မက်နေပြီ ထင်တယ်။ ထပါဦး"
အရှေ့ဘက်ဆီမှ ကျောပိုးအိတ်လွယ်၍ ပြေးနေသည့် လူတစ်ယောက်ရဲ့ ဝိုးတဝါးပုံရိပ်။ ထိုပုံရိပ်ကိုမှီသွားသည်နှင့် တပြိုင်နက်ဆောင့်ဆွဲခေါ်ကာ ပြန်လာသည့်မိမိက အနောက်ဘက်ဆီ မှ နာမည်ခေါ်လာသည့် လူတစ်ယောက်ရဲ့ခပ်တိုးတိုးအသံကြောင့် ထိုနေရာဆီသို့ပြုံး၍ ပြန်လှည့် လျှောက်လာခဲ့ချိန်မှာပင် အတွင်းဘက်ဆီက ပွင့်ထွက်လာသည့် ကျယ်လောင်သည့် ပေါက်ကွဲသံ နဲ့အတူ သံချောင်းကြီးတစ်ခုက ထိုလူရဲ့ကျောဘက်မှ အရှေ့ထိတိုင်အောင် စိုက်ဝင်လာသော အခါ
"ဝမ်ချောင်ကော!!"
မီးလောင် ဒဏ်ရာဒဏ်ချက်အပြည့်၊ ပွန်းပဲ့မှုမျိုးစုံနှင့် ထုတ်ချင်းပေါက် ဒဏ်ရာကြားမှ ဝမ်ချောင်ကောက မှာတမ်းသဖွယ် တစုံတခုပြောကာ အားတင်းပြုံးကြည့်နေပေမယ့် တလုံးမှကို မကြားရပဲ အရာရာက ပုံရိပ်ယောင်သဏ္ဍန်ဖြစ်နေခဲ့သည်။ တဖြည်းဖြည်းနှင့် ငြိမ်ကျလာသည့် ဝမ်ချောင်ကောလက်ကို ကြောက်လန့်တကြား ဆွဲဆုပ်ကိုင်ရင်း ထွက်မသွားဖို့ အတန်တန်ပြော နေခိုက်မှာပင်...
VOUS LISEZ
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons
