Hotel lobby သို့ရောက်ရှိပြီး ၅ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် မီလန်ကိုယ်တိုင်မောင်းလာသော ကားလေးတစ်စီးက ချိုးကွေ့ဝင်လာခဲ့ပြီမို့ ဟိုတယ်ဆင်ဝင်အောက်သို့ ရှောင်းကျန့်တို့ ထွက်ခဲ့ကြသည်။ ကားရဲ့အရှေ့ခန်း မီလန့်နံဘေး ၀င်ထိုင်လိုက်ပြီးနောက် အိပ်ရေးပျက်ထားပုံရသည့် မီလန့်မျက်နှာကို ပထမဦးဆုံး သတိထားမိလိုက်သည်။
"အိပ်ရေးပျက်ထားတယ် ထင်တယ် မီလန်။"
"ဟုတ်တယ်။ ကိစ္စတွေက သိတဲ့အတိုင်း အရမ်းရှုပ်နေလို့ တနေ့လုံးသိထားသမျှ၊ စုဆောင်းထားသမျှ အချက်အလက်တွေကို ညဘက်ကျမှ တချက်ခြင်း သေချာပြန်ကြည့်နေရတော့ ဒီနှစ်ရက်လုံးလုံး မအိပ်ဖြစ်တော့ဘူး။ ပွဲမကျင်းပခင်ကတည်းက ကျင်းပဖို့အတွက် စီစဉ်တုန်းကလဲ ကောင်းကောင်းမအိပ်ခဲ့ရတော့လေ။ ဆရာရှောင်းတို့ရော အိပ်ပျော်ရဲ့လား။ ရုတ်တရက်နေ့နဲ့ညပြောင်းသွားတော့ အိပ်ပျော်မယ် မထင်ဘူး။"
"အိပ်လို့မရဘူး ကျွန်တော်တို့တဖွဲ့လုံး။ ဒီက ညအချိန်မှာ ဟိုမှာတုန်းက နေ့ခင်းဖြစ်နေတော့။"
"ကျွန်တော် ထင်ပါတယ်။ ရိပေါ်?"
"ခင်ဗျာ.."
"မင်းရဲ့နောက်မှာ ဘူးလေးတွေရှိတယ်။ တစ်ယောက်တစ်ဘူး ယူပေးလိုက်ပါဦး။ အိပ်ရေးပျက်မယ်မှန်းသိလို့ လန်းဆန်းနေအောင် ၀ယ်လာတာ။"
ဒီ ၃နှစ်အတွင်းမှာ မီလန့်ရဲ့ပြောင်းလဲမှုကြီးကို အတိုင်းသား မြင်နေရသည်။ ယခင်က အကုန်လုံးနဲ့ ဆန့်ကျင်ဘက်လမ်းကို ရွေးတဲ့သူ၊ Andy နဲ့ အမြဲငြင်းခုံလေ့ရှိသူ၊ တဇွတ်ထိုးနည်းနည်း ဆန်တတ်သူက ယခုတော့ ထိုအကျင့်တွေ ပျောက်ဆုံးကာ တဖြည်းဖြည်း အကြီးပိုင်းခေါင်းဆောင် ပို၍ပီသလာခဲ့ပြီ။ အတူမရှိတဲ့ ၃ နှစ်အတွင်း မိမိတို့မသိခဲ့တဲ့ အကြောင်းအရာတွေအပေါ် Andy နဲ့ ငြင်းခုံခဲ့ကြလေသလား မသိပေမယ့် ပြန်တွေ့သည့် ဒီ တရက်နှစ်ရက်မှာပင် မီလန်ကတော့ လူတစ်ယောက်ပြောင်းသွားသည့် အလားပင်။
ဘူးအဖုံးလေးတွေ လေးငါးဘူး လှည့်ဖွင့်သည့်အသံ ချောက်ခနဲက ပြိုင်တူ ထွက်ပေါ်လာပြီးနောက် ရိပေါ်နှင့်ယွီပင်ရဲ့တီးတိုးစကားသံ တစ်ချို့ကလွဲ၍ အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြန်သည်။ လိုတာထက်ပိုပြီး ငြင်းခုန်နေလေတော့ နောက်ကြည့်မှန်မှတဆင့် ရှောင်းကျန့်အကြည့်တွေက သူတို့နှစ်ယောက်ထံသို့။ အစပိုင်းမမြင်သော်လည်း ခဏအကြာမှာတော့ သတိထားမိသွားတဲ့ သူတို့နှစ်ယောက်မှာ ဇာတ်လေးတွေပုကာ ကိုယ်စီငြိမ်သွားကြသည်။
![](https://img.wattpad.com/cover/252737085-288-k420969.jpg)
أنت تقرأ
Follow The Command - S4
أدب الهواةFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons