Part 37(Unicode)

1.2K 53 17
                                    

လတ်တလောဝဠာ့တွင် ကုမ္ပဏီ၏ဥက္ကဌကိုယ်စားလှယ်ရာထူးအပြင် တာဝန်တစ်ခုထပ်တိုးလာ၏။

သူနာပြုအလုပ်ပေါ့။

မနက်အစောပိုင်းကုမ္ပဏီအစည်းအဝေးပြီးသည်နှင့် ဆေးရုံကိုအရောက်လာသည်။ တစ်ခါတစ်ရံ အလုပ်များလွန်းသည့်အခါများတွင် ညနေစောင်းမှအပြေးအလွှားရောက်လာပြီး laptopတစ်လုံးနှင့်ညလုံးပေါက်အလုပ်လုပ်နေသောဝဠာ့ကို သတိုးလှဲလျောင်းရာနံဘေးတွင်တွေ့နိုင်သည်။ မနက်မိုးလင်းလျှင်အိမ်ပြန်၊ ကုမ္ပဏီအမှီသွား၊ ညနေစောင်းလျှင်ဆေးရုံလာ၊ ညလုံးပေါက်အလုပ်လုပ်၊ သည်သံသရာလည်နေမှုကြီးကို မင်းမြတ်ဝဠာစိတ်မရှည်နိုင်တော့သည့်အဆုံးတွင်တော့ ...

အဝတ်အစားတွေထုတ်ပိုးပြီး ဆေးရုံတွင်သာစခန်းချလိုက်တော့သည်။ မဖြစ်မနေလိုအပ်တာရှိမှသာ သူအိမ်ပြန်မည်။

နေ့စဉ်ပန်းအိုးလာထိုးပေးပြီး အခန်းကိုထိုင်းမှိုင်းမနေအောင်ထိန်းသိမ်းပေးနေသည့် မေမြတ်ကိုလည်းကျေးဇူးတင်ရသည်။ လန်းဆန်းစေသည့် air fresherနံ့သင်းသင်းလေးက နေ့စဉ်မပြတ်စေရ။ ဘုစုခရုဆေးပုလင်းလေးတွေကအစ စနစ်တကျစီစဉ်နေရာချထားပုံမှာ ဆေးရုံရောက်နေသည်နှင့်ပင်မတူ။ အနေအေးပြီးသိမ်မွေ့သောသည်မိန်းကလေး၊ စကားတွေအများကြီးမပြောတတ်ပေမယ့် သတိုးအပေါ်ထားသည့်နက်ရှိုင်းသောမေတ္တာကိုတော့ စကားလုံးတွေမလိုပဲသိနိုင်သည်။

ငြိမ်းချမ်းသော တစ်ဖက်သတ်ချစ်ခြင်းမေတ္တာပေါ့။

အလုပ်လုပ်နေရင်း ပန်းအိုးထိုးပေးနေသောမေမြတ်ကိုလှမ်းကြည့်မိသည်။ နောက် ကုတင်ပေါ်လဲလျောင်းနေသောသတိုးမျက်နှာကိုလှမ်းကြည့်ရင်းတွေးမိသည်။

" မကြာခင်ပြန်လာခဲ့တော့သတိုး... မင်းကိုချစ်တဲ့လူတွေစောင့်နေတယ်။ "

ဝဠာတွေးမိသည်။
အကယ်၍ သတိုးသာသူ့ကိုမချစ်ခဲ့ပါလျှင်...
သတိုးသာမေမြတ်ကိုပြန်ချစ်ခဲ့ပါလျှင်...
မေမြတ်ဟာ သတိုးအတွက်လက်တွဲဖော်ကောင်းဖြစ်ပြီး သူတို့စုံတွဲလေးဟာလည်းကြည်နူးစရာဖြစ်နေလိမ့်မည်။ တွေးရင်း ဖွဖွပြုံးမိသည်။

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now