ချစ်ရပါသော ပျို ~
Part - 23==============================
" အဖေ "
ဆိုဖာပေါ်တွင်ထိုင်ကာ စာရွက်စာတမ်းများကိုကြည့်နေသော အမျိုးသားကြီးတစ်ဦးက ခေါ်သံကြောင့်ခေါင်းမော့ကြည့်၏။
" ကျွန်တော် အဖေ့အကူအညီလိုနေတယ် "
°°°°°°°°°°°°°°°°°°°
သံတိုင်တွေရဲ့နောက်မှာ ခေါင်းငိုက်စိုက်ကာထိုင်နေသောသူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ရင်ထဲတဆစ်ဆစ်နာလာ၏။
အရင်က အတူရန်ဖြစ်ရင်း ဆေးရုံအကြိမ်ကြိမ်ရောက်ခဲ့ကြသော်လည်း ယခုမူ သတိုးကကိုယ့်ကြောင့် အချုပ်ခန်းထဲအထိရောက်ခဲ့ရသည်။
" သတိုး "
" မင်းအဆင်ပြေသွားပြီလား "
" အပြင်မှာအေးဆေးရှိနေတဲ့ငါက အချုပ်ထဲရောက်နေတဲ့မင်းကိုမေးရမှာလေခွေးကောင်ရဲ့ "
" Haha... အခု မင်းကဘာလာလုပ်တာလဲ။ မကြာခင်ထောင်ထဲရောက်တော့မယ့်သူငယ်ချင်းကို လာနှုတ်ဆက်တာလား "
" ေ*ာမို့ထောင်ထဲရောက်ရမှာလား။ ထွက်လာတော့... ငါမင်းကိုလာခေါ်တာ "
" မြန်လှချည်လားဟ။ အားလုံးရှင်းပြီးသွားပြီလား "
" အဖေ့ကိုအပူကပ်လိုက်တယ်လေ... အဲ့တော့ ကိစ္စတွေကခပ်မြန်မြန်ပဲပြီးသွားတယ်။ ဒါပဲ "
" Zရော... အခြေအနေ? "
" ဆေးရုံရောက်တာနည်းနည်းနောက်ကျရင် သွေးထွက်လွန်ပြီးသေမှာတဲ့။ အခုတော့ မင်းကျေးဇူးကြောင့် မသေဘူး "
" ဟင်း... အားလုံးအဆင်ပြေသွားပြီပေါ့.. "
တင်းထားသောစိတ်များလျှော့ချလိုက်၍ထင်။
အချုပ်ခန်းအပြင်ရောက်ရောက်ချင်း သတိုးတစ်ယောက် မေ့လဲသွားလေတော့သည်။" သတိုး!!! သတိုး!!! ဟေ့ကောင်!!! "
လဲကျသွားတဲ့သတိုးကိုပွေ့ချီပြီး ဝဠာလည်းဆေးရုံအမြန်ပြေးရတော့သည်။
°°°°°°°°°°°°°°°°°
" လူနာက စိတ်ပင်ပန်းလူပင်ပန်းဖြစ်သွားတယ်ထင်ပါတယ်။ သူ့ခန္ဓာကိုယ်က အရမ်းအားနည်းနေတော့ အားဆေးသွင်းပေးထားတယ်။ တစ်ရက်နှစ်ရက်လောက်ကောင်းကောင်းနားလိုက်ပြီးရင်တော့ စိုးရိမ်စရာမရှိတော့ပါဘူး "
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Roman pour Adolescentsချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?