Part 27(Unicode)

911 75 2
                                    

ချစ်ရပါသော ပျို ~
Part - 27

==========================================================

" ငါတို့အမြဲအတူရှိနေကြတာပဲ... ငါသိနေတာမထူးဆန်းပါဘူး "

တေဇကထိုသို့ပြောပြီးနောက် အပြင်းစားဝိုင်တစ်ခွက်ကိုတစ်ချိုးတည်းမော့ချလိုက်သည်။
သတိုးကလည်းတေဇနဲ့အပြိုင် တစ်ခွက်ပြီးတစ်ခွက်ဆင့်သောက်၏။

" ငါ့ပုံစံကမင်းသတိထားမိသွားရလောက်အောင် သိသာနေလို့လား "

" ဟျောင့်ရာ... မင်းက ငါတို့အားလုံးထဲမှာဆိုစိတ်အဆတ်ဆုံးပေမယ့် ဝဠာ့ကိုဆိုအရမ်းသည်းခံတယ်။ ဝဠာဘာပြောပြော အမြဲခေါင်းညိမ့်တယ်။ အထူးသဖြင့် ဝဠာ့ကိုကြည့်တဲ့မင်းရဲ့အကြည့်တွေကြောင့်ပဲ "

" ငါကဘယ်လိုကြည့်နေလို့လဲ "

" အင်း... တစ်ခါတစ်လေ မင်းဝဠာ့ကိုငေးနေတဲ့အခါ မင်းသူ့ကိုကြည့်တဲ့အကြည့်တွေက ငါ.. ကလေးကိုကြည့်တဲ့အကြည့်တွေလိုပဲလေ။ အဲ့ဒါက... အရမ်းကို မြတ်မြတ်နိုးနိုးချစ်မိနေပါတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲလေ... "

ပြောနေရင်းပင် တေဇအသံတိမ်ဝင်သွား၏။

" အင်း... ချစ်တာပေါ့... မြတ်မြတ်နိုးနိုးနဲ့ အရမ်းကို... တန်ဖိုးထားပြီးတော့ ... "

တေဇရဲ့စကားက ငိုချင်ရက်လက်တို့ဖြစ်သွားတယ်ထင်ရဲ့။
သတိုးက စကားအဆုံးမှာငိုချတော့သည်။

" တေဇ.. "

" အေး "

" မင်းသိလား...ငါ..အရမ်းချစ်တာ... ငါလေ..ဝဠာ့ကို အရမ်းချစ်တာ.. ဒါပေမယ့် သူက.. ချာတိတ်ကိုမှချစ်ပါတယ်တဲ့... အဲဒီ့နေ့ကလေ ငါ့ရင်တွေကွဲလိုက်ရတာ.. မင်းသိလား... "

ငိုရင်းပြော၊ ပြောရင်းငိုနေပြန်သောသတိုးကို တေဇမနှစ်သိမ့်ပေးတတ်တော့။

ငိုပါစေတော့လေ...
ကိုယ်လည်း နေ့ခင်းက အားရအောင်ငိုခဲ့ပြီးပြီပဲ။

တသိမ့်သိမ့်တုန်နေတဲ့သတိုးရဲ့ကျောပြင်ကိုပုတ်ပေးရင်းကနေ ခပ်ဖွဖွဖက်ကာအားပေးမိခါမှ သတိုးကချုံးပွဲချအော်ငိုတော့၏။

ကလေးတွေလိုအော်ငိုတာမျိုးမဟုတ်ပဲ အရွယ်ရောက်ပြီးသားယောကျ်ားတစ်ယောက်ရဲ့ ပိတ်လှောင်ထားခဲ့သောနာကျင်ရခြင်းများ မျက်ရည်အဖြစ်ပြိုကျလာခြင်းသာ။

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now