' ချစ်ရပါသော ပျို ... 'မိုးပြာရောင်စာအိတ်လေးတစ်အိတ်။
ပြီးတော့ အိတ်ပေါ်မှာရေးထားတာက 'ချစ်ရပါသော ပျို '" မိုးတွေရွာတဲ့ အဲဒီ့မနက်မှာ
မင်းကိုစတွေ့ခဲ့တယ်
မမျှော်လင့်ပါပဲ...
ကိုယ် မင်းကိုချစ်မိသွားခဲ့တယ် "ဘာလား ?
" Wowwww ... ပျိုတို့ကတော့စွံတယ်ဟေ့ "
" နေစမ်းပါဟာ ... ဘယ်သူနောက်ပြီးရေးထားတာလဲမှမသိတာ
ပို့တဲ့လူရဲ့နာမည်မပါ လိပ်စာမပါနဲ့ ...
နင်တို့လက်ချက်ပဲမလား "" ဟယ် ... ပျိုရယ် ... ဒါမျိုးကတော့ ငါတို့တကယ်မလုပ်ပါဘူးဟယ်
ပြီးတော့ ဒီလိုအရေးအသားမျိုးတွေလည်းမရေးတတ်ဘူး
ဘုရားစူး ... ငါတို့၂ယောက်လက်ချက်မဟုတ်ဘူး "" ဒါဆို ဒီစာကဘယ်ကရောက်လာတာလဲ
ဘယ်သူရေးပြီးငါ့ခုံပေါ်လာတင်ထားတာလဲ
သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ "" ဒါကတော့ ငါတို့လည်းသိချင်နေတာပဲလေဟာ
၃ယောက်အတူတူကျောင်းလာကြတယ်
ဒီစာကိုလည်း ခုမှတူတူတွေ့ကြတဲ့ဟာကို
ငါတို့လည်းဘယ်သိမှာလဲလို့
နော် ... မြတ်မ "" အေးလေ ပျိုရယ် ... သက်ရော နင်ရော ငါရော ခုမှဒီစာကိစ္စသိရတာချင်းအတူတူကို ငါတို့ကိုလာမေးနေလို့ဘာသိရမှာလဲပြော "
" ဟင်း .....
ဒါဆို ငါကဒီစာကိုဘာလုပ်ရမှာလဲ "" နင်မလိုချင်လည်း လွှင့်ပစ်လိုက်ပေါ့။
ဒါပေမယ့် လွှင့်ပစ်ရင်လည်း စာအိတ်မှာကနင့်နာမည်ကြီးနဲ့။
နောက်ပြီး အရေးအသားအရ စာပို့တဲ့လူကယောက်ျားလေးဖြစ်နိုင်နေတယ်ဆိုတော့ သူများတွေမြင်သွားရင် ... "" ဟုတ်တယ်ပျို ... သက်ပြောသလိုပဲ ... စာက နင့်နာမည်နဲ့လာတာဆိုတော့ ခုလောလောဆယ် နင်ပဲသိမ်းထားလိုက်သင့်တယ်
နင့်အိမ်ရောက်မှ လွှင့်ပစ်ချင်လည်း သဘောပေါ့ဟာ "
YOU ARE READING
ချစ်ရပါသော ပျို ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Genç Kurguချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?