ချစ်ရပါသော ပျို ~
Part - 19================================
" တော်ကြပါတော့!! "
ထိုအခါမှသာ တေဇနဲ့ဝဠာတို့ လုလင်ပျိုကိုလှည့်ကြည့်မိကြသည်။
ဖြူဖတ်နေတဲ့မျက်နှာနုနုလေးက အော်လိုက်ရသောကြောင့် အနီရောင်ပြေးလျက်။
အသံရှူသံပြင်းပြင်းနဲ့လက်သီးဆုပ်ထားတဲ့ကလေးငယ်...
ဒေါသထွက်နေလေရော့သလား?" ဘယ်သူနဲ့မှမလိုက်ဘူး။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကိုယ့်ဘာသာကိုယ်ပြန်မယ်။
မြတ်၊ သက် လာ... သွားမယ် "
" အွန်... ဒီမှာ ကိုသတိုးက ငါတို့ကို မုန့် "
" ခင် သက် !! "
" အေး..အေး..အေးပါဟဲ့... ပျိုရဲ့ လာပါပြီ။ အဲ့လောက်ကြီး..မအော်ပါနဲ့ "
တရှူးရှူးနဲ့ဒေါသတွေထွက်ပြီး အိမ်ထဲကထွက်သွားတဲ့ပျို့နောက်ကို မြတ်နဲ့သက်တို့ ငြိမ်ကုပ်ပြီးပါသွားကြသည်။
မြတ်ရဲ့နောက်ကို သတိုးကအသည်းအသန်လိုက်သွားသည်။
" မြတ်ကလေး... နေဦးလေ.. မြတ်ရေ မုန့်သွားစားကြမယ်ဆို... မြတ်ရေ.. "
ဧည့်ခန်းထဲမှာကျန်ခဲ့တာက နှစ်ယောက်တည်း။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် ချက်ချင်းပဲ လုလင်ပျိုတို့နောက်သို့ အူယားဖားယားပြေးလိုက်သွားကြလေသည်။
ကားမှတ်တိုင်မှာ၅မိနစ်ကြာရပ်နေပြီးနောက် YBS38ကြီးရောက်လာသောအခါ ပျိုကထိပ်ဆုံးကတက်သွားသည်။
ပျို့နောက်က ခင်သက်၊ နောက်တော့ မေမြတ်။
မေမြတ်ရဲ့နောက်ကနေ သတိုးကကပ်လိုက်သည်။
အဲဒီ့နောက်တော့ ဝဠာနဲ့တေဇက
ကားအတက်ပေါက်ကျဉ်းကျဉ်းကို မရမကလုပြီးတက်ကြသည်။တွန်းရင်းတိုက်ရင်း နောက်ဆုံးတော့ တေဇကကားပေါ်အရင်ရောက်သွားလေ၏။
အောင်နိုင်သူဖြစ်သွားသောကြောင့် ဂုဏ်ဆာနေသောမျက်နှာနှင့် ကော်လံကိုဟန်ပါပါထောင်လိုက်သည်။
ထို့နောက် ပျိုနဲ့ကပ်ရပ်ထိုင်ခုံလွတ်နေတာကြောင့် ဝင်ထိုင်ရန်အပြေးသွားလိုက်သည်။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?