Part 28(Unicode)

934 76 0
                                    

ချစ်ရပါသော ပျို ~
Part - 28

================================

^ .. အစ်ကို့ကြောင့်.. ဖြစ်ရတာ.. ^

" ဟင့်အင်း... "

^ အစ်ကို့ကြောင့်.. နှင်းပွင့် သေရတာ.. ^

" ဟင့်အင်း.. နှင်းပွင့်!! နှင်းပွင့်!!! "

ချွေးသံရွှဲရွှဲနှင့် ကယောင်ချောက်ချားဟစ်အော်နေရင်း တေဇလန့်နိုးခဲ့သည်။
နှလုံးခုန်နှုန်းက ပုံမှန်ထက်ပိုမြန်နေပါလျက် တေဇကတော့မောဟိုက်စွာနဲ့ အသက်လုရှူနေရသည်။

" တောင်းပန်ပါတယ်... အစ်ကို တကယ်တောင်းပန်ပါတယ်... တောင်းပန်ပါတယ်နှင်းပွင့်လေးရယ်.. "

အိပ်မက်မှန်းသိနေပေမယ့် အပြစ်သားတစ်ယောက်လို တောင်းပန်စကားကိုသာအကြိမ်ကြိမ်ဆိုနေမိ၏။

နှင်းပွင့်လေးဟာ သူ့အိပ်မက်တွေထဲ မကြာခဏလာလည်တတ်ပါသော်လည်း အထက်ပါ စကားနှစ်ခွန်းကိုသာအမြဲပြောတတ်သည်။ ပြီးလျှင် မြူတွေကြားထဲ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

တောင်းပန်စကားဆိုဖို့ရာလည်း အချိန်မမှီ..
အိပ်မက်ထဲကနှင်းပွင့်လေးရဲ့ အပြစ်တင်နေတဲ့မျက်ဝန်းတစ်စုံကို တေဇရင်မဆိုင်ရဲ..
သူလာလည်သောအိပ်မက်တိုင်းကိုလည်း 'အိပ်မက်ဆိုး' လို့ မသမုတ်ရက်ခဲ့..

" ဟူး... "

အိပ်မရတော့သောညနာရီများကို ဆေးလိပ်သောက်ရင်းသာကုန်ဆုံးပစ်လိုက်တော့သည်။

**********

Pyo: " ဟဲ့..နင်တို့နှစ်ယောက် ခဏနေကျောင်းဆင်းရင် ငါနဲ့လိုက်ခဲ့ "

KT: " ဘယ်ကိုလဲ? ဘာလို့လဲ? "

Pyo: " နင်တို့ကို တစ်ဝိုင်းကျွေးမလို့တဲ့ "

KT: " Ommo!! ဘယ်သူက? "

Pyo: " ငါ့ကိုကိုက "

KT,MM: "" ဘာ!!! ""

လုလင်ပျို၏ 'ငါ့ကိုကို'ဟူသောအသုံးအနှုန်းကြောင့် ခင်သက်ရောမေမြတ်ပါ ထအော်မိကြသည်။

MM: " ဘယ်လို? ဘယ်လို? ဘယ်လို? ပျို... နင် ဘယ်လိုခေါ်လိုက်တယ်..? "

Pyo: " ကိုကိုလို့ခေါ်လိုက်တာလေ "

KT: " Oh my god... ဘုရားသခင်.. ငါဘာတွေကြားနေမိတာလဲ... နားကြားမှားတာမလား.. ငါတို့ရဲ့ပျိုက.."

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now