ချစ်ရပါသော ပျို ~
Part - 12================================
" ဟဲ့ ပျို။ နင် ဘာတွေအဲ့လောက်တောင်ရှာနေတာလဲ? "
" ဟို... ဒီနေ့က တနင်္လာနေ့လေဟာ "
" တနင်္လာနေ့ဆိုတော့ဘာဖြစ်လဲ? ငြီးငွေ့စရာကျောင်းဖွင့်ရက်တစ်ပတ်ကို ပြန်စတင်ရတဲ့နေ့လေ။ ဘယ်လောက်တောင်စိတ်ပျက်စရာကောင်းလဲ... "
" မေမြတ်ရယ်...။ နင်ကလည်းပိန်းရန်ကော။
ဒီနေ့တနင်္လာနေ့ဆိုတော့ ချစ်ခြင်းဖွဲ့စာတိုလေးတွေ သိုသိုသိပ်သိပ်ရောက်လာမယ့်နေ့လေ။ အာ့ကြောင့် အဲ့ကောင်ရှာနေတာ။ ဒါပေမယ့် ဒီလောက်အသည်းအသန်ရှာနေတာကိုကြည့်ရင် ခုချိန်ထိစာရောက်မလာသေးလို့နေမယ်။ ဟုတ်တယ်မလား ... ပျို? "" တကယ်ကို 'Khin Thet knows everything ' ပါပဲ။ ဟုတ်တယ်ဟ။ ဒီနေ့ ငါတို့တွေကျောင်းအစောကြီးရောက်တယ်လေ။ အဲ့ကတည်းကငါရှာနေတာ။ စာမရှိဘူး။
စားပွဲပေါ်မှာမရှိလို့ အံဆွဲထဲမှာရှာတော့လည်း မရှိဘူး။ ကျောပိုးအိတ်ထဲများလာထည့်ထားလားလို့ရှာကြည့်တော့လည်း မတွေ့ဘူးဟ "" အင်း...။ ဒါဆို နင့်ဆီကိုစာတွေမပို့တော့တာများလား...? "
" မဟုတ်လောက်ပါဘူး မြတ်ရယ်။ ခုမှ တနင်္လာနေ့ရဲ့မနက်အစောကြီးရှိပါသေးတယ်။ ဒီတစ်နေ့လုံးမကုန်မချင်း သူစာပို့လာနိုင်တာပဲ "
" နင်ပြောတာလည်း ဟုတ်တော့ဟုတ်ပါတယ်။ ဒီနေ့မှငါတို့ကစောပြီး သူကကျောင်းနောက်ကျနေတာနေမှာ။ ဟားဟား "
" အံမယ်မယ်။ ပျို။ နင့်ကိုကြည့်ရတာ ဒီစာအိတ်ကိစ္စကို အရမ်းseriousဖြစ်နေသလိုပဲ။ ငါ့ကိုပြောစမ်း။ နင် အဲဒီ့လူကိုကြွေနေပြီလား "
" အမှန်တိုင်းပြောရမှာလား "
" အမှန်အတိုင်းမပြောလို့ နင်ကဘယ်လိုပြောချင်သေးလဲ "
" ဟီး။ စတာပါအသက်လေးရယ်။ ဒီလိုဟ။
ကြွေနေပြီဆိုတာထက် ငါ့ဆီကိုအဲ့လို စာတွေပို့နေတာကိုသဘောကျတယ်။ ငါ့ကိုတန်ဖိုးထားတဲ့လူတစ်ယောက်ရှိနေတာကိုသိရတော့ ပျော်တယ်။ အမြဲတမ်းမတူညီတဲ့စာတိုလေးတွေကြောင့် 'နောက်လာမယ့်စာထဲမှာရော ဘယ်လိုတွေဖွဲ့နွဲ့ထားဦးမလဲ'ဆိုပြီး တွေးတတ်လာတယ်။ ပြီးတော့ အမြဲတမ်း တနင်္လာနေ့ရောက်ဖို့ပဲမျှော်နေမိတယ်။ အခုလို စာရောက်မလာတော့ ရင်ထဲမှာဟာတာတာကြီး။ သံယောဇဥ်နှောင်တွယ်လာတယ်ဆိုတာမျိုးပေါ့ "
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?