ချစ်ရပါသော ပျို ~
Part - 32=============================
ဝဠာ အံ့အားသင့်လွန်း၍ ဘာတစ်ခုမှခွန်းတုံ့မပြန်နိုင်ချေ။
သတိုး၏ ယခုလိုပုံစံမျိုးကို သူတစ်ခါမျှမမြင်ဖူးခဲ့မိ။ အမြဲပြုံးရယ်နေတတ်သောလူတစ်ယောက်က ယခုမူ ပေါက်ကွဲတတ်သောဗုံးတစ်လုံးအလား ထင်မှတ်ရသည်။ ခက်ထန်နေသောမျက်ဝန်းတို့တွင် ဒေါသစိတ်လား၊ နာကျင်ခြင်းလား ခွဲခြားမရသောအရိပ်အယောင်တို့ လွှမ်မိုးနေ၏။ သတိုးဒီလိုပြောင်းလဲသွားလိမ့်မယ်လို့ သူဘယ်တုန်းကမှထင်မထားခဲ့မိပါလေ...။
ဖြေရှင်းရခက်နေသော သူ့မျက်နှာအနေအထားကိုနားလည်၍ထင်။ သတိုး ထွက်သွား၏။
ဒါပါပဲလေ။ သတိုးဆိုတာ အမြဲတမ်း သူ့စိတ်ကိုအသိဆုံးသူငယ်ချင်းပါပဲ။
ထိုစဉ် သတိုးပြောခဲ့သောစကားတို့ကို နားထဲပြန်ကြားယောင်လာသည်။
'ကျွန်တော့်ကိုချစ်လို့'တဲ့... ဒါဆိုရင် သတိုးဟာ ဘယ်တုန်းကမှ သူ့သူငယ်ချင်းအဖြစ် ရှိမနေခဲ့တာလား။
ဟင့်အင်း။
သတိုးဟာ သူ့အတွက် အကောင်းဆုံးသူငယ်ချင်းတစ်ယောက်။ လိုအပ်သမျှကိုအဖြည့်ဆည်းပေးနိုင်ဆုံး၊ သူငယ်ချင်းအုပ်စုထဲမှာ သူတစ်ယောက်သာ ကိုယ့်ကိုနားအလည်ဆုံး၊ ဝမ်းနည်းနေချိန်ငိုချလို့ရပြီး စိတ်ညစ်စရာမှန်သမျှ တိုင်ပင်ဖြေရှင်းဖို့အယုံကြည်ရဆုံး၊
ကိုယ်နဲ့အနီးဆုံး..
အချစ်ရဆုံး...သူ ငယ် ချင်း။
ဒီလိုသူငယ်ချင်းတစ်ယောက်ကို ဘာမဟုတ်တဲ့အကြောင်းရင်းတစ်ခုကြောင့်နဲ့တော့ လက်လွတ်ဆုံးရှုံးမခံနိုင်ပါ။
ဖြစ်နိုင်လျှင် ယနေ့သတိုးနှင့်ဖြစ်ခဲ့သောအကြောင်းအရာများအားလုံးကို မေ့ဖျောက်ပစ်လိုက်ချင်သည်။ သို့မှသာ သတိုးနှင့်သူ့ကြားတွင် ပြောင်းလဲလာမည့်အရာများကို ဟန့်တားနိုင်မည်။
ဟုတ်သည်။
ယနေ့ဖြစ်ခဲ့သမျှကို ဘာမှမဖြစ်သလိုနေလိုက်မည်။ သတိုးလည်း ဘာမှမပြောခဲ့သလို၊ ကိုယ်လည်းဘာမှမကြားလိုက်။ ဖြစ်ခဲ့သောအကြောင်းအရာနှင့်ပတ်သတ်၍ အမှတ်တမဲ့ရော အမှတ်တရပါ ဘာဆိုဘာမှမရှိစေရ။ ဦးနှောက်အသိဉာဏ်ထဲကပါ အပြီးတိုင်မေ့ဖျောက်ပစ်လိုက်မည်။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?