ချစ်ရပါသော ပျို ~
Part - 34================================
နံနက်ခင်းသည် နေရောင်ခြည်နွေးနွေးဖြာကျလျက် တည်ငြိမ်စွာလှပနေသည်။ လုလင်ပျိုသိပ်ချစ်သည့် ကျောင်းပိတ်ရက်စနေနေ့မို့ နေဖင်ထိုးအောင်အိပ်မည်ဟုတွေးကာ လှိမ့်ပိမ့်အိပ်နေသာ်လည်း ဘယ်ကအလေအလွင့်မှန်းမသိသောသကောင့်သားတစ်ကောင်က အဆောင်ရှေ့တည့်တည့်တွင် ကားဟွန်းကိုအဆက်မပြတ်တီးနေ၏။
အစကတော့ နားကိုခေါင်းအုံးနှင့်ဖိကာ ဆက်အိပ်ရန်ကြိုးစားကြည့်သည်။ ဘယ်လိုမှသည်းမခံနိုင်သည့်အဆုံးတွင်တော့ မျက်နှာစာတွင်ရှိနေသောသူ့အခန်း၏ပြတင်းတံခါးကိုဖွင့်ကာ လမ်းပေါ်ကသကောင့်သားကိုလှမ်းအော်တော့၏။
" ငိုးမရေ... ဒါလူကြီးလူကောင်းတွေနေတဲ့ ဆိတ်ငြိမ်ရပ်ကွက်ကွ... လေးစားရကောင်းမှန်းမသိ၊ ဘာမသိနဲ့ မင့်ကားကယီးလာဖြစ်နေတာလား.... ငါတကယ်ပဲ...မနက်စောစောစီးစီးမဆဲချင်လို့အကောင်းမှတ်နေလားကွ!! "
" နောက်ဆုံးတော့ ကိုယ်တော်လေးနိုးလာပြီပေါ့ "
လှမ်းသာအော်နေသော်လည်း မျက်လုံးမပွင့်သေးသောလုလင်ပျိုလည်း မင်းမြတ်ဝဠာ၏အသံကြားမှ မျက်လုံးပွင့်ရုံမက ပြူးကျယ်သွားတော့သည်။
" တော်တော်နှိုးယူလိုက်ရတယ်နော်... မျက်နှာသစ်၊ ရေချိုး အမြန်လေးလုပ်ပေး... ကိုယ်တို့တစ်နေရာသွားကြမယ် "
ထိုအခါမှသာ မိမိကြောင့်တစ်ရပ်ကွက်လုံး မနက်စောစောနားဒုက္ခခံခဲ့ရသည့်အဖြစ်ကိုတွေးပြီး လုလင်ပျိုဇက်ကလေးပုကာ ကုတင်ပေါ်မှပြေးဆင်းသွားတော့သည်။ ခါတိုင်းလိုသွားမတိုက်ပဲပီကေဝါးလိုက်ရုံနှင့်မဖြစ်။ ဒီနေ့ကကိုကိုနဲ့အပြင်သွားရမည်ဖြစ်၍ ချောမောလှပစမတ်ကျနေမှဖြစ်မည်။ နဂိုချောသောရုပ်လေးကို နဂိုင်းထွက်အောင်ပြင်ပြီးသည့်နောက် ဝဠာခေါ်ဆောင်ရာနောက်သို့ကောက်ကောက်ပါအောင်လိုက်သွားတော့သည်။
နံနက်ရှစ်နာရီစွန်းစွန်းတွင်အဆောင်ရှေ့မှထွက်ခွာလာခဲ့သောကားလေးသည် နံနက်ဆယ်နာရီခွဲတွင်မြို့ပြင်တစ်နေရာကခြံကျယ်ကြီးထဲဝင်ရောက်ပြီး ဆင်ဝင်အောက်တွင်ရပ်နားလိုက်သည်။ ခြံစောင့်အဘိုးကြီး၊ အဘွားကြီးလင်မယားက ရပ်စောင့်ကာခရီးဦးကြိုပြုနေ၏။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Novela Juvenilချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?